သြဂုတ်လ(၅)ရက်
နယ်သာလန် တိရစ္ဆာန်ဥယျာဉ်မှ ဘာဘွန်းမျောက် ကြီးများ၏ ထူးဆန်းသောအပြု အမူကြောင့် သတ္တဗေဒပညာရှင် များကို စိတ်ရှုပ်ထွေးစေခဲ့ကြောင်း သိရသည်။
မျောက်ကြီးများ၏ အပြု အမူမှာ တစ်ခုခုကိုကြောက်လန့် နေသကဲ့သို့ သတ္တဗေဒပညာရှင် များကိုပင် ခေါင်းစားစေခဲ့သည် ဟု ဆိုသည်။
''လွန်ခဲ့တဲ့ရက်ကစပြီး သူတို့ အထိတ်တလန့်လန့်ဖြစ်ပြီး ဆောက် တည်ရာမရဖြစ်နေခဲ့တာ၊ ခါတိုင်း လို ခုန်ပေါက်တာမျိုးလဲ မလုပ် တော့ဘဲ ထူးဆန်းတဲ့အပြုအမူ မျိုးကိုပြုမူနေခဲ့တယ်''ဟု နယ်သာ လန်မြောက်ပိုင်း အမ်မင်ဒီရာရီ တိရစ္ဆာန်ဥယျာဉ်မှ သတ္တဗေဒပညာ ရှင် ဝစ်ခ်ျဘရင်းလန့်မင်းက ပြောကြား ခဲ့သည်။
ဘာဘွန်မျောက်ကြီးများ မှာ သစ်ပင်ပေါ်မှာ သို့မဟုတ် မြေ ပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ရင်း နေရာမှ ရွှေ့လည်းမရွှေ့ အစား လည်း မစားဘဲ နေနေကြသည် ဟုဆိုသည်။
မျောက်ကြီးများမှာ တိရစ္ဆာန် ဥယျာဉ်သို့ အလည်လာရောက် သူများကို လှည့်၍ပင်မကြည့်ဘဲ ကျောခိုင်းကာ ထိုင်နေကြသည် ဟု ဆိုသည်။
ဘာဘွန်းမျောက်များမှာ အနှစ်၂ဝအတွင်း ထိုကဲ့သို့ ပြုမူ သည်မှာ စတုတ္ထအကြိမ်မြောက် ဖြစ်သည်ဟု သတ္တဗေဒပညာရှင် က ပြောကြားခဲ့သည်။ ဘာဘွန်း မျောက်များ ယခုကဲ့သို့ သောက ရောက်စေသည်မှာ မည်သည့်အ ကြောင်းကြောင့်ဖြစ်သည်ကို တွေး ဆ၍မရကြောင်း၊ မျောက်များနှင့် ပတ်သက်သည့် တွေးခေါ်ယူဆမှု အများအပြားကို ကြားဖူးသော် လည်း ယခုအဖြစ်အပျက်မှာမူ သူ့ အတွက်လက်မှိုင်ချရသည့် ဖြစ် ရပ်မျိုးဖြစ်ကြောင်း လန့်မင်းက ပြော ကြားခဲ့သည်။
ဘာဘွန်းမျောက်များ၏ အဖြစ်နှင့်ပတ်သက်၍ မှန်းဆ၍ ရသည်မှာ သားရဲတစ်ကောင်ကို တွေ့မြင်လိုက်ရ၍ ဒါမှမဟုတ် တိရစ္ဆာန်ဥယျာဉ်သို့ အလည်လာ သူတစ်ဦး၏ တီရှပ်ပေါ်မှ ပုံရိပ် တစ်ခုကြောင့် ဒါမှမဟုတ် မြေ ငလျင်လှုပ်သည်ကိုခံစားမိ၍ သို့ မဟုတ် သဘာဝကပ်ဘေးတစ်ခု ၏အလားအလာကို ခံစားမိ၍ဖြစ် နိုင်ကြောင်း၊ ထို့ထက်ပို၍ အရူး သွပ်ဆုံးယူဆမှုမှာ ပန်းကန်ပြားပျံ တစ်စင်းကြောင့် ဖြစ်ဖွယ်ရှိကြောင်း လန့်မင်းက ပြောကြားခဲ့သည်။
Yangon Media Group