သြဂုတ်လ(၆)ရက်
၎.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်လှိုင်သာယာမြို့နယ်ရှိ အရှေ့တိုးတက်မှုအထည်ချုပ်ကုမ္ပဏီ ရုံးရှိ ငွေထိန်းခန်းအတွင်း၌ ကြွပ်ကြွပ်အိတ်များဖြင့် ထုတ်လျက် ဘီဒိုအတွင်း၌ ထည့်ထားသောငွေကျပ်
(၉၈၄၈၀၀၀၀)မှာ ခိုးယူခံရ၍ ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် ၎င်းကုမ္ပဏီ၏ မန်နေဂျာ ဒေါ်မြမြ၀င်းမှ စုံစမ်းဖေါ်ထုတ် အရေးယူပေးပါရန် တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ) ၈၇၁/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များ၊မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးအထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များလှိုင်သာယာမြို့

မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ၅.၈.၂၀၁၃ ရက်နေ့တွင် အမှုမှတရားခံများဖြစ်သောကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၊ (ဘ)ဦးတင်ရွှေ၊
ကုမ္ပဏီစက်ပြင်ဝန်ထမ်း၊ တွံတေးမြို့နယ်နှင့် အောင်ကိုကို(ခ)သန်းလှိုင်
(ဘ)ဦးမောင်စိုး၊ စက်ချုပ်ဝန်ထမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့နယ်နေသူတို့(၂)ဦးအား ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
တရားခံများအားစစ်ဆေးချက်များအရ၎င်းတို့(၂)ဦးသည်၃.၈.၂၀၁၃ရက်နေ့ညနေချိန်တွင်ကုမ္ပဏီမှအပ်ချုပ်
တရားခံများအားစစ်ဆေးချက်များအရ၎င်းတို့(၂)ဦးသည်၃.၈.၂၀၁၃ရက်နေ့ညနေချိန်တွင်ကုမ္ပဏီမှအပ်ချုပ်
စက်တစ်လုံးပျက်၍
နှစ်ယောက်အတူပြင်နေစဉ် ငွေထိန်းခန်း၌ ထားရှိသောငွေများအား
ခိုးယူရန်တိုင်ပင်ခဲ့ကြပြီး စက်ရုံဆင်းချိန်တွင် ထွက်ခွါခြင်းမပြုဘဲ
ပုန်းအောင်နေထိုင်ခဲ့ကြကြောင်း၊ ၀က်အူလှည့်ဖြင့် တံခါးများအားဖွင့်ခဲ့ကာ
ရုံးခန်းအပြင်တံခါး၌ တပ်ဆင်ထားသော CCTV အားအခြားတစ်ဖက်သို့
လှည့်ထားခဲ့ပြီး ငွေထိန်းခန်းအတွင်းမှငွေများအား ပီနံအိတ်(၂) လုံးဖြင့်
ထည့်၍ခိုးယူခဲ့ကြောင်း၊လုံခြုံရေးအစောင့်မရှိသောဂိတ်မှတဆင့် အပြင်သို
သယ်ယူကာ ကိုင်းတောအတွင်း၌၀ှက်ထားခဲ့ပြီး ဆိုင်ကယ်များဖြင့်ပြန် လာသယ်ယူ၍
တွံတေးမြို့နယ်ရှိ ကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၏နေအိမ်တွင်
ဝှက်သိမ်းထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
အဆိုပါအမှုမှခိုးယူခံရသောငွေများအနက် ငွေသားကျပ်(၉၀၉၈၀၀၀၀)နှင့်ခိုးယူရရှိသည့် ငွေများဖြင့်ဝယ်
အဆိုပါအမှုမှခိုးယူခံရသောငွေများအနက် ငွေသားကျပ်(၉၀၉၈၀၀၀၀)နှင့်ခိုးယူရရှိသည့် ငွေများဖြင့်ဝယ်
ယူထားသော ရွှေဆွဲကြိုး(၂)ကုံး၊ဆွဲသီး(၂)ခု၊ ဖုန်း(၂)လုံးတို့အားပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
Yangon Police