သြဂုတ်လ(၆)ရက်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းဘေးမဲ့တောအတွင်းမှ ဇူလိုင် ၂၈ ရက်က လက်လုပ်တူမီးသေနတ်ခုနစ်လက်နှင့် ၂၉ ရက်တွင် လက်လုပ်တူမီးသေနတ်ရှစ်လက် စုစုပေါင်း ၁၅ လက်ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ နံနက်ပိုင်းက ချပ်သင်းဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးရဲထွန်း၊ ချပ်သင်းစခန်းမှူး ဒုရဲအုပ်သီဟ၊ အရန်မီးသတ်တပ်ဖွဲ့မှူး ဦးလောပေါင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၈ ရက်က ချပ်သင်းဘေးမဲ့တောအတွင်း ကင်းလှည့်စောင့်ရှောက်စဉ်မီးလမ်းတိုဒေသအရောက်သစ် ခေါင်းတွင်းမှ လက်လုပ်တူမီးသေနတ် သုံးလက်နှင့်ကြေးကျိုးချောင်းအနီး သစ်ခေါင်းတွင်းမှ လက်လုပ်တူမီး သေနတ်လေးလက်ကိုလည်းကောင်း၊ ဇူလိုင် ၂၉ ရက်က ချပ်သင်းဘေးမဲ့ တောတစ်တွင်းလယ်ဒေသ သစ်ခေါင်းအတွင်းမှ လက်လုပ်တူမီးသေနတ် လေးလက်နှင့် အင်းပက်လက်အေး ဒေသအရောက် သစ်ပင်အမြစ်ဘေးမှ သစ်ကိုင်းများအုပ်လျက် လက်လုပ်တူ မီးသေနတ်လေးလက်ကိုလည်းကောင်း (အပေါ်ပုံ) စုစုပေါင်း ၁၅ လက်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း