Sunday, August 18, 2013

ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် ၀န်ကြီးများမှ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည် ကြည့်ရှု့စစ်ဆေး

0 comments

သြဂုတ်လ(၁၈)ရက်
Photo: ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် ၀န်ကြီးများမှ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည် ကြည့်ရှု့စစ်ဆေး

18.8.2013

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အပါအ၀င် တာဝန်ရှိ ဌာနဆိုင်ရာများသည် တာချီလိတ်မြို့နယ်အတွင်း ဆောင်ရွက်နေလျှက်ရှိသည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည် ကြည့်ရှု့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သြဂုတ်လ ၁၇ ရက် ညနေ ၄ နာရီခန့်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတားသို့ သွားရောက်ပြီး နိုင်ငံခြားသားဝင်ရောက်မှု အခြေအနေနှင့် လက်မှတ်ပြုလုပ်ပေးပုံများကို သွားရောက် ကြည့်ရှု့စစ်ဆေးကြရာ ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်မှ လိုက်လံရှင်းလင်းပြသခဲ့သည်။

ထိုမှတဆင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျှက်ရှိသော မေဖလားဝါးကွင်း နှင့် ဆန်ဆိုင်း(က)ရပ်ကွက် အပါအ၀င် မြို့ပတ်လမ်းတစ်လျှောက်သို့ ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး နေရာဟောင်းမှ နေရာသစ်သို့ ရွေ့ပြောင်းရန်အတွက် သတ်မှတ်ထားသော အမှိုက်ပုံနေရာသစ်နှင့် သုဿန်မြေနေရာသစ်အား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြရာ သက်ဆိုင်ရာမှ ရှင်းလင်းပြသခဲ့ကြသည်။

ဆက်လက်၍ မိုင်းကိုးကျေးရွာရှိ စံပြစိုက်ခင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့မှ သွားရောက်၍ ကြည့်ရှု့စစ်ဆေးရာ ရှမ်းတိုင်းရင်းသား လယ်သမားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ မှ စပါးစိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှမ်းဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများအပါအ၀င် တာဝန်ရှိသူများသည် သြဂုတ်လ ၁၈ ရက်နေ့တွင် မိုင်းဆတ်မြို့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သွားရောက်မှာ ဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik Online News

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here