သြဂုတ်လ(၂၃)ရက်
တာချီလိတ်မြို့၌ ၁၅၀၀ ကျပ်တန် တန်ဖိုးနည်း ဖုန်းကဒ်များအား သက်ဆိုင်ရာမှ မဲနှိုက် ရောင်းချပေးမည်ဖြစ်ရာ GSM ၆၀၀ ကဒ် နှင့် CDMA 800 MHz ၂၅၀၀ ကဒ် ပါဝင်မှာဖြစ်ပြီး မဲနှိုက်မည့် အစီစဉ်ကို ၂၃.၈.၂၀၁၃ရက်၊ နေ့လည် ၁၂ နာရီတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
ထိုသို့ မဲနှိုက်ပေးနိုင်ရန်အတွက် လျှောက်လွှာများကို ၁၀ရက်နေ့မှ ၁၅ရက်နေ့ အထိ ရပ်ကွက်ရုံးများ အသီးသီးတွင် လက်ခံပေးထားတာဖြစ်ပြီး ယခုအကြိမ်တွင် လာရောက် လျှောက်ထားကြသူများမှာ ၇၀၇၃ဦး ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ မြို့ ၁၁ မြို့အနက် ဖုန်းကဒ် အများဆုံးချထားပေးခြင်း ခံရသည့်မြို့မှာ တာချီလိတ်မြို့ဖြစ်ပြီး GSM နှင့် CDMA နှစ်မျိုးပါဝင်တာကြောင့်
ပေါက်မဲများကို နှိုက်ရာမှာ ပထမဦးဆုံး
မဲပေါက်သော လူ ၆၀၀ ဦးအတွက် GSM ရမှာဖြစ်ပြီး ကျန်လူများအတွက် CDMA ရရှိမှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၏ ပြောကြားချက်အရ သိရသည်။
ဖုန်းကဒ်ပေါက်မဲ စာရင်းများကို မဲနှိုက်သည့်အစီအစဉ်ပြီးသည့်နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရပ်ကွက်ရုံးများအသီးသီးတွင် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ပေါက်မဲစာရင်းစာရွက်များကို ကပ်ထားပေးမှာဖြစ်ပြီး တာချီလိတ်အွန်လိုင်းတွင်လည်း ဖော်ပြပေးသွားမည်ဖြစ်သည်။
Tachileik Online News