နတ်မြစ်အတွင်း ကင်းလှည့်နေသော မြန်မာ့ရေတပ်မှ စစ်ရေယာဉ် ၅၅၄ အား တွေ့ရစဉ်
နယ်စပ်နတ်မြစ်အတွင်း မြန်မာ့ရေတပ်မှ စစ်ရေယဉ်များ လုံခြုံရေးဝင်ယူ စောင့်ကြည့်လာသဖြင့် တစ်ဖက်နိုင်ငံမှ
ရေယာဉ်များ ပိုင်နက်ကျူးလွန် ငါးဖမ်းခြင်း၊ လူခိုးဝင် ခိုးထွက်ခြင်းနှင့်
မူးယစ်ဆေးဝါးများ တရားမ၀င် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်ခြင်း လုပ်ငန်းများအား
ထိထိရောက်ရောက် တားဆီးကာကွယ်လာနိုင်ကြောင်း သတင်းရရှိသည်။"ရေတပ်သင်္ဘော နတ်မြစ်ဝမှာ ၀င်လာတာနဲ့ ဘင်္ဂလား ငါးဖမ်းလှေတွေ ဒီဘက်သိပ်မ၀င်တော့ဘူး။ ရေတပ်သင်္ဘောက မြစ်ဝမှပဲ နေပြီးတော့ စက်လှေတွေကို စောင့်ကြည့်နေတာ ဖြစ်မယ်။ မြစ်ထဲတော့ ၀င်လာတာ မတွေ့ဘူး။ ကျွန်တော်တို့ ကြားတာကတော့ ရေတပ်သင်္ဘောက တုန်းချောင်းဝမှာလည်း ရှိနေတယ်လို့ ပြောတယ်။ အခုလို လုံခြုံရေးတွေ ၀င်လာတော့ နတ်မြစ်အတွင်း သွားလာရတာ အန္တရာယ်ကင်းသွားတာပေါ့။ နို့မဟုတ်ရင် ဓားပြ၀င်တိုက်တာတို့၊ တစ်ဖက်နိုင်ငံကလူတွေ ခိုးဝင်လာတာတို့ ရှိတယ်။ အထူးသဖြင့် ငါးဖမ်းလှေတွေနဲ့ မြစ်ကိုဖြတ်သွား ဖြတ်လာသွားနေကြတာ ဖြစ်ပါတယ်" ဟု နတ်မြစ်ကမ်းခြေရှိ ရွက်ညိုတောင် ရွာသားတစ်ဦးက ပြောကြားသည်။
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးကွပ်ကဲမှုဌာန (နစက) ကို ဖျက်သိမ်းပြီးနောက် မြန်မာ့ရေတပ်မှ နယ်စပ်မြစ်လုံခြုံရေးအား တာဝန်ယူလာခြင်းဖြစ်ကြောင်း၊ ယင်းသို့ တာဝန်ယူနေသည့် တပ်မတော် ရေယာဉ်မှာ လေးစီးခန့်ရှိကြောင်းနှင့် နတ်မြစ်ဝ ပင်လယ်ပြင် ကမ်းခြေတစ်လျှောက် ကင်းလှည့်နေကြခြင်း ဖြစ်သည်ဟု မောင်တောဒေသခံများက ပြောကြားသည်။
အခုလို လုံခြုံရေးတွေ ၀င်လာတော့ နတ်မြစ်အတွင်း သွားလာရတာ အန္တရာယ်ကင်းသွားတာပေါ့။ နို့မဟုတ်ရင် ဓားပြ၀င်တိုက်တာတို့၊ တစ်ဖက်နိုင်ငံကလူတွေ ခိုးဝင်လာတာတို့ ရှိတယ်။ အထူးသဖြင့် ငါးဖမ်းလှေတွေနဲ့ မြစ်ကိုဖြတ်သွား ဖြတ်လာသွားနေကြ . . . . .
နတ်မြစ်ဝ လုံခြုံရေးအား ရေတပ်မှ တာဝန်ယူ ဆောင်ရွက်ခြင်း မရှိမီက တစ်ဖက်နိုင်ငံက ငါးဖမ်းလှေ အများအပြား မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းဆီးခြင်းများ၊ ဒေသခံ ငါးဖမ်းသမားများနှင့် ချိတ်ဆက်ကာ ပင်လယ်ပြင်တွင် တရားမ၀င် ငါးဝယ်ယူခြင်းမျိုးများ ရှိနေခဲ့ကြောင်းလည်း သိရသည်။
မြန်မာ့ရေတပ်သင်္ဘော ၀င်ရောက်နေရာ ယူလာခြင်းနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျကြားတွင် တစ်စုံတစ်ရာ ပြဿနာမရှိကြောင်း၊ မြန်မာရေတပ်သင်္ဘော ၀င်ရောက်နေရာယူလာခြင်းမှာ (နစက)ကို ဖျက်သိမ်းလိုက်သည့်အတွက် ကြားကာလတွင် လုံခြုံရေး ဆောင်ရွက်ရန် ၀င်ရောက်နေရာ ယူလို၍ ဖြစ်ပုံရကြောင်း ဘင်္ဂလားဒေ့ခ်ျ တက်ကနက်မြို့တွင် အခြေစိုက်သော အမှတ် ၄၂ ဘီဂျီဘီမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ်ဟူစိန်က ပြောကြားခဲ့သည်။
Eleven Media Group
လုပ်သင်.တာကြာပြီ