
ထို့ကြောင့် မိမိလက်ဖြင့် ကိုင်တွယ်၍ လိုအပ်သည့် နေရာသို့ သွားရောက်ရသည့် လှုပ်ရှားမှုမျိုးတွင် ဦးနှောက်၏ အမိန့်ပေးမှုဖြင့် ကိုယ်တိုင် မြန်ဆန်စွာ ရောက်ရှိသွားနိုင်သွားသည့် အချက်များက အချိန်ကိုက် ကစားရသည့် ဂိမ်းများအတွက် ပိုမို နှစ်လိုဖွယ် ကောင်းကြောင်း ဖန်တီးသူတို့က ဆိုသည်။ ယင်းနားကြပ်အား အိုင်စလန်နိုင်ငံမှ ဂိမ်းဖန်တီးသူ EVR အဖွဲ့အစည်းမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ပုံစံကြမ်းတွင် ၅ ဒသမ ၆ လက်မအရွယ် စက်ခရင်ကို မိတ်ဆက်ခဲ့သော်လည်း မျက်နှာပြင် ခုနစ်လက်မ အရွယ်နှင့် ဈေးကွက်တင်မည် ဖြစ်ကြောင်း သိရသည်။