Friday, August 16, 2013

ဆင်များ၏ သစ္စာစောင့်သိမှုကြောင့် အကျပ်တွေ့နေရသည့် ကျေးရွာလေး

0 comments
သြဂုတ်လ(၁၆)ရက်

Photo: ဆင်များ၏ သစ္စာစောင့်သိမှုကြောင့် အကျပ်တွေ့နေရသည့် ကျေးရွာလေး

15.8.2013

ပြီးခဲ့သည့် သီတင်းပတ်က စတင်၍ အိန္ဒိယ နိုင်ငံတွင် တောဆင်ရိုင်း တစ်အုပ်၏ မျိုးနွယ်စုအပေါ် သစ္စာစောင့်သိစိတ်ကြောင့် ကျေးရွာလေး တစ်ခုမှ ရွာခံများနှင့် တာဝန်ရှိသူများ ခေါင်းခဲနေရကြောင်း သိရှိရသည်။ အိန္ဒိယ အရှေ့ပိုင်း ဒေသရှိ မာတာရီ ရွာလေးတွင် မီးရထား တစ်စင်းသည် အလေ့ကျ လှည့်လည် သွားလာနေသည့် ဆင်ရိုင်းတစ်ကောင်ကို တိုက်သတ်မိခဲ့သည်။ ယင်းသည် ရည်ရွယ်ချက် မပါသော မတော်တဆ ကိစ္စသာဖြစ်ပြီး ရွာခံများပင် စိတ်မကောင်း ဖြစ်ခဲ့ကြသည်။ သို့သော်လည်း
တောဆင်ရိုင်းများ၏ တုံ့ပြန်မှုကမူ ရွာသားများအတွက် အံ့ဩ တုန်လှုပ်စရာ ဖြစ်လာသည်။ တောဆင်ရိုင်း (၁၅)ကောင်မျှသည် ၎င်းတို့၏ မျိုးနွယ်တူ ရဲဘော်ရဲဘက် သေဆုံးခဲ့သည့် နေရာတွင် ဝမ်းနည်းကြေကွဲစွာ လာရောက်စုရုံး အော်မြည်ခဲ့ကြသည်။

Times of India သတင်းစာတွင် ဖော်ပြထားသော ဆောင်းပါး၌ ယင်းဆင်များကို ခြောက်လှန့် မောင်းထုတ်ရန် ကြိုးစားခဲ့မှုမှာလည်း မအောင်မြင်ခဲ့ဟု သိရသည်။ ရလဒ်အနေဖြင့် ရထားသွားလာမှုများ ရပ်ဆိုင်းကုန်သည်။ ရက်ပိုင်းမျှ ကြာလာပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ ဆင်များသည် ပိုမို ဒေါသကြီးမားလာဟန်ရှိပြီး အနီးတဝိုက်ရှိ အိမ်ခြေများကိုပါ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောင်းတစ်ကျောင်း၏ အစိတ်အပိုင်း အချို့ပါ ပြိုကျသွားခဲ့သည်။

ကျယ်လောင်စွာ မြည်ဟည်းပေါက်ကွဲသော ဗျောက်အိုးများကို အသုံးပြုပြီး ခြောက်လှန့်ခဲ့သော်လည်း ဆင်များကို ဖယ်ရှား၍ မရခဲ့ချေ။ ခေတ္တခဏမျှ ၎င်းတို့ ထွက်ခွာသွားပြီးလျှင်လည်း မိမိတို့၏ ရဲဘော်ရဲဘက် သေဆုံးခဲ့ရာ နေရာကို ပြန်လည်ရောက်ရှိ ပိတ်ဆို့ထားပြန်သည့် ဆင်များကြောင့် ခေါင်းခဲနေရကြောင်း သားရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ရှိသူ ဒီအက်စ် ဆရီဗာစတာဗာက ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ အဆိုပါ ဆင်များသည် ၎င်းတို့၏ မိတ်ဆွေ သေဆုံးခဲ့ရာ နေရာကို မကြာခဏ ပြန်လာပြီး စုရုံးနေဆဲဟုလည်း သိရသည်။

"ရထားတိုက်မှု ဖြစ်ပြီးကတည်းက ဆင်တွေက အဲဒီနေရာကို ပြန်ပြန်
လာကြတယ်။ သူတို့ရဲ့ သူငယ်ချင်းက ဒဏ်ရာပဲ ရသွားတာ၊ သူတို့ပြန်ကယ်ဖို့ ကြိုးစားရမယ်လို့ ထင်နေကြတာ ထင်ပါတယ်"ဟု ဆရီဗာစတာဗာက ဆိုသည်။ ၎င်းက "ဆင်တွေရဲ့ သဘာဝ အလေ့အထအရ တစ်ကောင်ကောင် သဘာဝအတိုင်း သေသွားရင်တောင် အဖော်တွေက အလောင်းကို ခြုံပုတ်တွေ၊ သစ်ပင်ငယ်တွေ၊ သစ်ကိုင်းတွေနဲ့ ကာပေး
ထားတတ်တယ်"ဟုလည်း ရှင်းပြခဲ့သည်။ ဆရီဗာစတာဗာက ဆင်များကြား ထားရှိသည့် ခိုင်မာသော သစ္စာစောင့်သိမှုကြောင့် အဆိုပါ နေရာတွင်
နောက်ထပ်လည်း ဆင်အုပ်များ အကြိမ်ကြိမ် ရောက်လာမည်ကို မိမိ မျှော်လင့်ထားကြောင်း ဝန်ခံသွားသည်။

Planet.com.mm

ပြီးခဲ့သည့် သီတင်းပတ်က စတင်၍ အိန္ဒိယ နိုင်ငံတွင် တောဆင်ရိုင်း တစ်အုပ်၏ မျိုးနွယ်စုအပေါ် သစ္စာစောင့်သိစိတ်ကြောင့် ကျေးရွာလေး တစ်ခုမှ ရွာခံများနှင့် တာဝန်ရှိသူများ ခေါင်းခဲနေရကြောင်း သိရှိရသည်။ အိန္ဒိယ အရှေ့ပိုင်း ဒေသရှိ မာတာရီ ရွာလေးတွင် မီးရထား တစ်စင်းသည် အလေ့ကျ လှည့်လည် သွားလာနေသည့် ဆင်ရိုင်းတစ်ကောင်ကို တိုက်သတ်မိခဲ့သည်။ ယင်းသည် ရည်ရွယ်ချက် မပါသော မတော်တဆ ကိစ္စသာဖြစ်ပြီး ရွာခံများပင် စိတ်မကောင်း ဖြစ်ခဲ့ကြသည်။ သို့သော်လည်းတောဆင်ရိုင်းများ၏
 တုံ့ပြန်မှုကမူ ရွာသားများအတွက် အံ့ဩ တုန်လှုပ်စရာ ဖြစ်လာသည်။ တောဆင်ရိုင်း (၁၅)ကောင်မျှသည် ၎င်းတို့၏ မျိုးနွယ်တူ ရဲဘော်ရဲဘက် သေဆုံးခဲ့သည့် နေရာတွင် ဝမ်းနည်းကြေကွဲစွာ လာရောက်စုရုံး အော်မြည်ခဲ့ကြသည်။

Times of India သတင်းစာတွင် ဖော်ပြထားသော ဆောင်းပါး၌ ယင်းဆင်များကို ခြောက်လှန့် မောင်းထုတ်ရန် ကြိုးစားခဲ့မှုမှာလည်း မအောင်မြင်ခဲ့ဟု သိရသည်။ ရလဒ်အနေဖြင့် ရထားသွားလာမှုများ ရပ်ဆိုင်းကုန်သည်။ ရက်ပိုင်းမျှ ကြာလာပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ ဆင်များသည် ပိုမို ဒေါသကြီးမားလာဟန်ရှိပြီး အနီးတဝိုက်ရှိ အိမ်ခြေများကိုပါ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောင်းတစ်ကျောင်း၏ အစိတ်အပိုင်း အချို့ပါ ပြိုကျသွားခဲ့သည်။

ကျယ်လောင်စွာ မြည်ဟည်းပေါက်ကွဲသော ဗျောက်အိုးများကို အသုံးပြုပြီး ခြောက်လှန့်ခဲ့သော်လည်း ဆင်များကို ဖယ်ရှား၍ မရခဲ့ချေ။ ခေတ္တခဏမျှ ၎င်းတို့ ထွက်ခွာသွားပြီးလျှင်လည်း မိမိတို့၏ ရဲဘော်ရဲဘက် သေဆုံးခဲ့ရာ နေရာကို ပြန်လည်ရောက်ရှိ ပိတ်ဆို့ထားပြန်သည့် ဆင်များကြောင့် ခေါင်းခဲနေရကြောင်း သားရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ရှိသူ ဒီအက်စ် ဆရီဗာစတာဗာက ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ အဆိုပါ ဆင်များသည် ၎င်းတို့၏ မိတ်ဆွေ သေဆုံးခဲ့ရာ နေရာကို မကြာခဏ ပြန်လာပြီး စုရုံးနေဆဲဟုလည်း သိရသည်။

"ရထားတိုက်မှု ဖြစ်ပြီးကတည်းက ဆင်တွေက အဲဒီနေရာကို ပြန်ပြန်လာကြတယ်။ သူတို့ရဲ့ သူငယ်ချင်းက ဒဏ်ရာပဲ ရသွားတာ၊ သူတို့ပြန်ကယ်ဖို့ ကြိုးစားရမယ်လို့ ထင်နေကြတာ ထင်ပါတယ်"ဟု ဆရီဗာစတာဗာက ဆိုသည်။ ၎င်းက "ဆင်တွေရဲ့ သဘာဝ အလေ့အထအရ တစ်ကောင်ကောင် သဘာဝအတိုင်း သေသွားရင်တောင် အဖော်တွေက အလောင်းကို ခြုံပုတ်တွေ၊ သစ်ပင်ငယ်တွေ၊ သစ်ကိုင်းတွေနဲ့ ကာပေးထားတတ်တယ်"ဟုလည်း ရှင်းပြခဲ့သည်။ ဆရီဗာစတာဗာက ဆင်များကြား ထားရှိသည့် ခိုင်မာသော သစ္စာစောင့်သိမှုကြောင့် အဆိုပါ နေရာတွင်နောက်ထပ်လည်း ဆင်အုပ်များ အကြိမ်ကြိမ် ရောက်လာမည်ကို မိမိ မျှော်လင့်ထားကြောင်း ဝန်ခံသွားသည်။

Planet.com.mm

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here