Wednesday, August 28, 2013

ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို ကုလကိုယ်စားလှယ် နှမ်ဘီးယားခေါ်တွေ့

0 comments

ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mr. Vijay Nanbiar ကယမန်နေ့က တစ်နာရီကြာမျှသီးခြားခေါ်ယူတွေ့ဆုံခဲ့ကြောင်းသိရသည်။

“ သူက ကချင်ပြည်နယ်အစိုးရကို အကြောင်းကြားပြီး သီးသန့်ခေါ်တွေ့တာပါ။ ” ဟု တွေ့ဆုံမူတွင်ပါဝင်သူ ကချင်ပြည်နယ် ၇ှမ်းမျိုးနွယ် စုရေးရာအဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

္မမျိုးနွယ်စုအဖွဲ့အနေဖြင့် ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမူများကိုတင်ပြပြောကြားခွင့်ရခဲ့ပြီး
ကချင်ပြည်နယ်ရှိရှမ်းလူမျိုးများကို ကူညီဆောင်၇ွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

“ Mr. Vijay Nanbiar က KIA/KIO အဖွဲ့ဟာ ကချင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုပြီး ဆောင်ရွက်နေတာလို့ သူတို့ထင်ခဲ့တဲ့အကြောင်းခင်ဗျားတို့နဲကတွေ့မှ သူတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ သူတို့လူမျိုးအတွက် ဆောင်ရွက်ခြင်းဆိုတာကို အခုမှ သိရတဲ့အကြောင်းနဲ့ ၀န်ခံသွားပြီး အစိုးရနဲ့ပူးပေါင်းပြီး အတတ်နိုင်ကူညီဆောင်၇ွက်ပေးသွားမယ်လို့ သူကပြောသွားပါတယ်။ ” ဟု မျိုးနွယ်စု ခေါင်းဆောင်တစ်ဦးကပြောကြားသည်။

ရှမ်းမျိုးနွယ်စုအနေဖြင့် Mr. Vijay Nanbiar အားအိပ်ဖွင့်ပေးစာကိုလည်းပေးအပ်ခဲ့ကြောင်းသိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mr. Vijay Nanbiarသည် ယခုတစ်ကြိမ် ခရီးစဉ်ကို အထူးလျှို့ဝှက်ထားခဲ့ပြီး ခရီးစဉ်ပြီးမှသာ မီဒီယာအချို့သိခဲ့ရသည်။

ကချင်ပြည်နယ်ရှမ်းမျိုးနွယ်စုများသည် ယခုလအတွင်း ကုလကိုယ်စားလှယ် မစ္စတာကင်တားနား နှင့်လည်းတွေ့ဆုံခဲ့ရပြီး အမေရိကန် သံရုံးအရာရှိလည်းလာရောက်တွေ့ဆုံခဲ့သည်။




                                              ဓာတ်ပုံ - ဧရာဝတီမြစ်ဖျားဆီက


ရှမ်းနီသတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here