သြဂုတ်လ(၆)ရက်
One Direction အဖွဲ့အနေနဲ့ နောက်ဆုံးထွက်ရှိလာတဲ့တေးစီးရီးကနေ ၀င်ငွေအမြောက်အမြားရရှိတော့မှာဖြစ်ပါတယ်။
အင်္ဂလန်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ယင်းအဖွဲ့ကို Zayn Malik, Liam Payne, Louis Tom- linson, Niall Horan နှင့် Harry Styles တို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပြီး ယခုနှစ်အတွက်အဖွဲ့ဝင် တစ်ဦး ချင်းစီရဲ့ဝင်ငွေဟာ နောက်ဆုံးထွက်ရှိလာမည့် စီးရီးအနေနဲ့ တွက်ချက်လိုက်မယ်ဆိုရင် အမေရိကန် ဒေါ် လာသန်း ၃၀ စီရရှိတော့မှာဖြစ်ပါတယ်။
One Direction အဖွဲ့ဝင်များဟာ တစ်ချိန်က UK နိုင်ငံရဲ့ "The X Factor" တီဗီတေး သီချင်းပြိုင်ပွဲတွင် ၀င်ရောက်ဖျော်ဖြေခဲ့ကြသူများဖြစ်ပြီး ၎င်းတို့၏ပထမဆုံးသောတေးစီးရီး နှစ်ခုဖြစ်တဲ့ "Up All Night" နှင့် "Take Me Home" တို့ဟာ အခြားဂီတပညာရှင်တွေလည်း ပြန်လည်ထုတ်လုပ်ခဲ့တဲ့အထိ အောင်မြင်ခဲ့ ကြပါတယ်။
လတ်တလောထွက်ရှိနေတဲ့သတင်းအရဆိုရင်တော့ One Direction အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံး ထွက်ရှိမယ့် တတိယအခွေအတွက် နာမည်မရွေးချယ်ရသေးပါဘူး။ အခွေကို ခန့်မှန်းချိန်အတွင်း ပြီးစီးဖို့ပဲ အဓိကလုပ်ဆောင်နေကြပြီး ဒီအခွေအောင်မြင်ပါက သူတို့တွေရဲ့ တစ်ဦးချင်းဝင်ငွေဟာ အမေရိကန် ဒေါ်လာ သန်း ၃၀ စီရရှိမှာဖြစ်ပါတယ်။
“ကောင်လေးတွေက သူတို့အဖွဲ့ရဲ့ လုပ်ငန်းသစ်ပေါ်မှာ တော်တော်လေးသဘောကျ ကြပါတယ်။ အရင် ကဆိုရင်သူတို့အနေနဲ့ အသင့်သီဆိုနိုင်အောင် လုပ်ထားပေးကြပါတယ်။
ဒီတစ်ကြိမ်မှာတော့ သူတို့က သူတို့ရဲ့ပရိသတ်တွေကို ထူးထူးခြားခြားဖြစ်စေချင်ကြတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင်ရေး ကြတာပါ” ဟုဗြိတိန်သတင်းစာ Mirror သို့ နီးစပ်သူတစ်ဦးက ပြောကြားခဲ့တယ်။
“တကယ်လို့များ ယခုလိုဆောင်ရွက်မှုတွေကနေပြီးတော့ အမာခံပရိသတ်တွေရပြီ ဆိုရင်တော့သူတို့က ၀င်ငွေတော်တော်ကောင်းမှာပါ။ ဒါပေမဲ့ ဒီကောင်လေးတွေက ကမ္ဘာ့အချမ်းသာဆုံးဖြစ်အောင် ကြိုးစားနေ ကြတာတော့ မဟုတ်ပါဘူး”ဟု သူတို့ရဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကဆိုပါတယ်။
One Direction အဖွဲ့ရဲ့ 128-date Take Me Home ခရီးစဉ် အား ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး အောက်တိုဘာလတွင် သြစတြေးလျနိုင်ငံတွင် အဆုံးသတ်မှာဖြစ်ပါတယ်။ ၎င်းတို့ အဖွဲ့အနေနဲ့ ယင်း ခရီးစဉ်အတွင်းတွင် ဥရောပ၊ မြောက်အမေရိက၊ ပစိဖိတ်သ မုဒ္ဒရာတောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ဖျော် ဖြေဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
အောင်မင်း
မဇ္ဈိမ