သြဂုတ်လ(၁၆)ရက်

နော်ဝေနိုင်ငံ အစိုးရ၏ ရှယ်ယာ ထက်ဝက်ကျော် ပါဝင်သော Telenor ဆက်သွယ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆ဝ ကို ကိုယ်စီကိုယ်ငှ ဖုန်းအသုံးပြု နိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်နေ သကဲ့သို့ စထုတ်မည့် ငွေဖြည့်ကတ်များတွင် တစ်နာရီစာထက်မနည်း အခမဲ့ပြောဆိုနိုင်အောင် စီစဉ်နေပြီး အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ပေးမည် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာပြည်သူ အားလုံးကို မိုဘိုင်းလ်ဖုန်း ပြောနိုင်သူများ ဖြစ်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်
ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ Telenor ၏ CEO Mr. Petter Furberg က ပြောကြားခဲ့သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ပိုင်ခွင့်ကို ဇွန် ၂၇ ရက်က ချပေးခဲ့ပြီးနောက် နော်ဝေ ကုမ္ပဏီနှင့် ကာတာ ကုမ္ပဏီတို့လုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ခဲ့ပြီး နော်ဝေကုမ္ပဏီကဒုတိယအကြိမ်အဖြစ်သတင်းစာရှင်းလင်းပွဲပြုလုပ်

ကာ အတိအလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ် အောက်နှုန်းဖြင့်သာ ကောက်ခံသွားမည် ဟုဆိုခဲ့သော အဆိုပါ ကုမ္ပဏီမှာ ယခုဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် တစ်မိနစ် ၂၅ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး ငွေဖြည့်ကတ် ဝယ်ယူ သူများကို တစ်နာရီစာ ထက်မနည်း
အခမဲ့ဖုန်းပြော ဆိုနိုင်ရန် ဆောင်ရွက် သွားမည့် အပြင် Telenor ဝန်ထမ်း
အလုပ်သမား ၃ဝဝဝ ကိုလည်း ဘင်နာရေး ကုမ္ပဏီနှင့် ပေါင်းစပ်ခေါ်ယူ၍ လုပ်ငန်းခွင်
ကျွမ်းကျင် သင်တန်းများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်
သင်ယူစေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် အလုပ်အကိုင်ခန့် ထားပေးမည့် အရာရှိ Ms.Kaewsrin- garm က အတည်ပြု ပြောကြားခဲ့သည်။
Telenor ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက် လုပ်ငန်းနှင့် မိုဘိုင်းလ်ဖုန်း ဈေးကွက် ရရှိထားသော ကုမ္ပဏီများနှင့် MOU ရေးထိုးထားပြီး နည်းပညာအရ စိတ်ချရသော ကုမ္ပဏီများဖြင့်သာ လုပ်ကိုင်မည်
ဖြစ်ကြောင်း သိရသည်။
Telenor ကုမ္ပဏီ၏ ရှယ်ယာအများစု ကိုပိုင်ဆိုင်သော ထိုင်းနိုင်ငံအခြေစိုက် dtac ကုမ္ပဏီတွင် ဝန်ထမ်းအင်အား ၅ဝဝဝ ခန့်ထားပြီး မြန်မာနိုင်ငံအတွက် ဝန်ထမ်း ၃ဝဝဝ ကို သြဂုတ် ၁၃ ရက်မှစတင်၍ အလုပ် လျှောက်ထားနိုင်ရန်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ Telenor ကိုပြည်သူတိုင်း အသုံးပြုနိုင်ရန် အတွက် ပြည်သူ့ရေးရာ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်နည်း ပညာများကိုလည်း ဝန်ထမ်းများအပြင် ပြင်ပမှတက် ရောက်ချင်သူများကိုပါ တက်ရောက် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းလစာ ပေးချေမှုများကို ဒေါ်လာအတက်အကျကြောင့် နစ်နာမှုများ မဖြစ်ပေါ်စေရန် မြန်မာကျပ်ငွေ ဖြင့်သာခန့်ထားပေးချေ သွားမည်ဖြစ်ပြီး လစာပေးချေမှုအပေါ်မကျေနပ်မှုများ မဖြစ်ပေါ်စေရန် နိုင်ငံတကာ စံနှုန်းများထက် မနည်းစေရန် ပေးချေသွားမည် ဖြစ်ကြောင်း သိရသည်။ ဝန်ထမ်း ခန့်ထားရာတွင် ပြည်ပတွင် ရောက်ရှိနေပြီး မြန်မာပြည် ပြန်လာချင်သူ ကျွမ်းကျင်သူများကို အဓိက ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ