တစ်ရက် လျှင် တစ်စီးပြေးဆွဲနေရာမှ စက်တင် ဘာ(၅)ရက်မှစ၍ တစ်ရက်လျှင် နှစ် စီး မော်ကျွန်းမြို့မှ စတင်ထွက်ခွာပေး သကဲ့သို့ သင်္ဘောခကျပ်နှစ်ထောင့် ငါးရာမှ ရေယာဉ်လိုင်းတစ်လိုင်း အနေ ဖြင့် ကျပ်တစ်ထောင့်ငါးရာနှုန်းသို့ ဈေးချပြေးဆွဲရာ သင်္ဘောခ လေး ဆယ်ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ အဆိုပါ ခရီးစဉ်တွင် ပြေးဆွဲသော ပုဂ္ဂလိက လူစီး-ကုန်တင် နှစ်ထပ် ရေ ယာဉ်များသည်လည်း ကျပ်နှစ်ထောင် မှ တစ်ထောင့်ငါးရာသို့လည်းကောင်း၊ ပြည်တွင်းရေကြောင်းမှ ပုဂ္ဂလိက သို့ ပြေးဆွဲငှားရမ်းခွင့် ပြုထားသော သုံး ထပ်ရေယာဉ် သင်္ဘောခမှာလည်း ကျပ်နှစ်ထောင်မှ တစ်ထောင့်ငါးရာ သို့လည်းကောင်း အသီးသီး ဈေးချ ပြေးဆွဲလာကြောင်း မော်ကျွန်းမြို့ခံ များမှ ဆိုသည်။
ရေလမ်းခရီးသွား သင်္ဘောများ သင်္ဘောခ ၂၅ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်း အသီးသီးလျှော့ ချ ပြေးဆွဲခြင်းသည် လုပ်ငန်းရှင်များ အရှုံးခံ ပြေးဆွဲခြင်းမဟုတ်ဘဲ ယခင် ရရှိနေကျ အကျိုးအမြတ် ထက် လျော့ နည်း ပြေးဆွဲနေခြင်းသာ ဖြစ်ရာ ခရီးသည်များအတွက် ငွေကြေး သက် သာစွာဖြင့် ရွေးချယ်စီးနင်းနိုင်ခွင့် ရလာကြောင်း ယင်းဒေသမှ ခရီး သွားများမှဆိုသည်။ ယခုနှစ်ပိုင်းတွင် ရေလမ်းသင်္ဘောခများ နှစ်စဉ် အတက်နှုန်းဖြင့်သာ ရှိရာမှ ယခုကဲ့ သို့ သိသာစွာ ဈေးချပြေးဆွဲခြင်းမှာ ယှဉ်ပြိုင်ပြေးဆွဲမှုမှရရှိသော ရလဒ် ဖြစ်ရာ သန်းချီရှိသော ခရီးသွားများ စီးနင်းနေရသည့် ရန်ကုန်မြို့တွင်း ခရီးသည် တင်ယာဉ်လိုင်းများတွင်ပါ ဈေးချပြေးဆွဲလာရန်လိုကြောင်း ရန်ကုန်မြို့နေ ခရီးသွားများမှဆိုသည်။
ကုန်တင်ယာဉ် သယ်ယူပို့ ဆောင်ရေးလောကတွင် ကုန်ပို့ခနှုန်း များအနေဖြင့် တန်ပိုစနစ် ကန့်သတ် ကျင့်သုံးချိန် ၂၀၁၁ ၀န်းကျင်ထက် ယခုအခါ တစ်ဝက်နီးပါးမက ကျဆင်း သော်လည်း ကုန်တင်ယာဉ်ပိုင်ရှင်များ အရှုံးမရှိကြောင်း၊ ယခင်ကကဲ့သို့ အကျိုးအမြတ်များစွာ မရနိုင်ခြင်းသာ ရှိကြောင်း၊ တိုင်းပြည်တွင်းရှိ လူများ စုအနေဖြင့် ၀င်ငွေအသင့်အတင့်ဖြင့် ရပ်တည် လုပ်ကိုင်နေရချိန်တွင် အကျိုးအမြတ်များစွာ ရရှိလုပ်ကိုင်နေ ခြင်းမှာ မျှတမှုအသွင် မဆောင် ကြောင်း၊ ယခုအခါ လက်ကိုင်ဖုန်း၊ မော်တော်ယာဉ်ဈေးနှုန်းများ မမျှော် မှန်းထားသည့်တန်ဖိုးထိကျဆင်းနေ ကြောင်း၊ ထို့အတူ ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများပြေးဆွ
Auto World Journal