Saturday, September 14, 2013

ရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရေး အရေးကြီးကြောင်း ပညာရှင်များဆွေးနွေး

0 comments


ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲများဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ နိုင်ငံတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အတွေ့အကြုံတွေကိုအခြေခံပြီး မြန်မာနိုင်ငံတိုင်းရင်းသား ပြည်နယ်တွေမှာ ရွေးကောက်ပွဲတွေ အောင်မြင်အောင် ကျင်းပနိုင်ဖို့အတွက် ငြိမ်းချမ်းရေး လိုအပ်တဲ့အကြောင်းကို ထည့်သွင်းဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံမှာ အချိုးကျရွေးကောက်ခံစနစ် ( PR ) ကို ကျင့်သုံးဖို့ အချိန်စောနေသေးတယ်လို့ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတူးဂျာက အခုလိုပြောပါတယ်။

“ဒီ PR စနစ်ကတော့ လောလောဆယ်က ဖြစ်ဦးမယ်မထင်ပါဘူးး၊ အများရဲ့စိတ်ထဲမှာတော့ ဒီလိုပဲထင်နေကြတာပဲ၊ နည်းနည်းစောသေးတယ်ဆိုတဲ့အမြင်ရှိကြပါတယ်၊ နောက်ပိုင်းကျတော့ စဉ်းစားသွားလို့ရမယ့် စနစ်တစ်ခုဖြစ်မယ်လို့ထင်တယ်”

ဒီနေ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ တက္ကသိုလ်အသီးသီးက ပညာရှင်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ နော်ဝေနိုင်ငံအခြေစိုက် ငြိမ်းချမ်းရေးသုတေသနဌာနအဖွဲ့ PRIO တို့ ပူးတွဲကျင်းပတာဖြစ်ပါတယ်။

RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here