Friday, September 27, 2013

မန္တလေးဒေသ ဖွံ့ဖြိုးရေး ကျပ် ၄၃၂ ဘီလီယံ ကျခံသုံးစွဲမည်

0 comments



မန္တလေး၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် အစိုးရသက်တမ်းကျန်လ ၃၀ အတွင်း အသုံးစရိတ်ငွေ ကျပ် ၄၃၂ ဘီလီယံလျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သော တိုင်းဒေသကြီးလွှတ်တော် အမတ်များနှင့် သီးသန့်တွေ့ဆုံ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးရဲမြင့်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းငွေတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ရန်ပုံငွေတို့ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။လာမည့် လ ၃၀ တွင် ကျခံသုံးစွဲမည့် အသုံးစရိတ်အနက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ သောက်သုံးရေကဏ္ဍ၊ မြစ်ချောင်းများ ဖွံ့ဖြိုးရေးကဏ္ဍ၊ စာကြည့်တိုက်ကဏ္ဍနှင့် အခြားကဏ္ဍများ ပါဝင်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းဇယားများအရ သိရှိရသည်။

ယင်းအနက် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၇၉၉၅.၅၉၄ သန်း၊ မြို့ပြဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၃၉၇ ဒသမ ၄၅၅ သန်း ကျခံသုံးစွဲသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here