23.9.2013
၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ နှစ်လကျော် သာကျန်ရှိတော့သည့် အချိန်တွင် ဆီးဂိမ်းပြိုင်ပွဲအတွက် စပွန်ဆာ ပေးထား သည့် ကုမ္ပဏီများအနေ ဖြင့်Billboard များ စိုက်ထူကာ အများပြည်သူ ပိုမိုသိရှိစေရန်လှုံ့ ဆော်မှုမှာ အလွန်အားနည်းနေ ကြောင်း သိရသည်။
မြန်မာနိုင်ငံကလက်ခံကျင်း ပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် ဆီး ဂိမ်း ဘဏ္ဍာရှာဖွေရေး ကော်မ တီက ကန်ဒေါ်လာ နှစ်သန်းကျော် ရှာဖွေပေးထားနိုင်ပြီး အဆိုပါ ပြိုင်ပွဲကြီးကို တစ်ဖက်တစ်လမ်း မှ ထောက်ပံ့နေသော ကုမ္ပဏီ ကြီးများမှာ Billboard များတွင် ဆီးဂိမ်းကြော်ငြာလှုံ့ဆော်မှု နည်း နေသည့်အပေါ် ဘဏ္ဍာရေးဝန် ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြား လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ တစ်ဝန်းတွင် ဆီးဂိမ်းလှုံ့ဆော်မှု Billboard နည်းနေသည့်အပေါ် ဒေါက်တာ မောင်မောင်သိမ်းက '' Official Sponsor တွေနဲ့ Official Main Sponsor တွေရဲ့ Billboard တွေ ပေါ်မှာ ဆီးဂိမ်းလှုံ့ဆော်မှုတွေ များလာ တာကို တွေ့ချင်ပါတယ်။ ဒီစပွန်ဆာတွေအနေနဲ့ ဂျာနယ်၊ သတင်းစာမျက်နှာတွေပေါ်မှာ ကြော်ငြာနေပေမယ့် Billboard တွေပေါ်က လှုံ့ဆော်မှုက တော် တော်နည်းနေပါတယ်။ ဒါကြောင့် ဆီးဂိမ်း Title များများပါတဲ့ ကြော် ငြာမျိုးကို ပိုပြီးတွေ့ ချင်ပါ တယ်။ ဒီကုမ္ပဏီတွေအနေနဲ့ စည်ပင်သာ ယာမှာ လျှောက်လွှာတင်တာ အ ခက်အခဲရှိတယ်ဆိုရင် ကျွန်တော် တို့ဘက်က တတ်နိုင်သမျှ ကူညီ ပေးချင်ပါတယ်''ဟု ပြောသည်။ Sea Games Platinum စပွန်ဆာရယူထားသော မြန်မာ ဘီယာက မန်နေဂျင်း ဒါရိုက်တာ ဒေါ်မြစိမ်းရည်က တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်Billboard စိုက်ထူထားခြင်းမှာ အခု ၂၀ သာရှိကြောင်း၊ ၎င်းတို့ကုမ္ပ ဏီအနေဖြင့် ရန်ကုန်မြို့တွင် ဘီ ယာဆိုင်ရာ Billboard စိုက်ထူ မှုမှာ ကန့်သတ်ချက်ဘောင်အ တွင်း ပြုလုပ် နေရသဖြင့် အခက် အခဲ အနည်းငယ်ရှိနေကြောင်း ပြောခဲ့သည်။
ဒေါ်ဝင်း အထည်ချုပ်လုပ် ငန်းမှ ဥက္ကဋ္ဌ ဒေါ်ဝင်းယုသန်း ကလည်း ဆီးဂိမ်း Billboard စိုက်ထူမှုအနေဖြင့် ရန်ကုန်မြို့ ရှိ မင်္ဂလာဈေးထောင့်တွင်သာ စိုက်ထူမှုတစ်ခုရှိကြောင်း၊ သတင်း စာနှင့် ဂျာနယ်များတွင်သာ ဆီး ဂိမ်းနှင့်ပတ်သက်၍ ကြော်ငြာ မှု များရှိကြောင်း ပြောခဲ့သည်။ ဆီးဂိမ်းပြိုင်ပွဲအတွက် ကမ္ဘောဇ စီးပွားရေးလုပ်ငန်းအုပ် စုက ကန်ဒေါ်လာတစ်သန်း၊ မြန် မာဘီယာက ဒေါ်လာသုံးသိန်း၊Blue Mountain အချိုရည်က ကန် ဒေါ်လာသုံးသိန်း၊ Panasonic နှင့် Samsung တို့က ကန်ဒေါ်လာ သုံးသိန်းစီ၊ ဒေါ်ဝင်းအထည်ချုပ် လုပ်ငန်းက ကန်ဒေါ်လာသုံးသိန်း၊ ချယ်ရီဦးက ကန်ဒေါ်လာ တစ် သိန်း၊ Myanmar Distribution Group, Srongiir, Hello Maden နှင့် Shwe Pu Zun တို့က ကန် ဒေါ်လာ ၃၀၀၀၀ စီ ထောက်ပံ့ ကူညီထားခြင်း ဖြစ်သည်။
YMG