Monday, September 30, 2013

ကျပ် ၄၀၀ မြို့ပတ် အဲကွန်း ရထား အောက်တိုဘာ ပထမပတ်တွင် စတင်ပြေးဆွဲမည်

0 comments
ရန်ကုန် ၊ စက်တင်ဘာ ၂၉

 ဂျပန် နိုင်ငံလုပ် အဲကွန်း RBE ရထားတွဲ ဆိုင်းဖြင့် မြို့ပတ်ရထား အောက် တိုဘာ၅ရက်သို့မဟုတ် ၆ရက်တွင်စတင်ကာ ငွေကျပ်၄၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း ဌေးက ''ဒီ RBE ရထားတွဲတွေနဲ့ မြို့တစ်ပတ်ကို ဒီဇယ်ရ၅ဂါလန် ကုန်ပြီး မြို့တစ်ပတ်ရထား တစ် ခေါက်ပြေးရင်ကို ကျပ်တစ်သိန်း ရှုံးပါတယ်။ ဒီအတွက်ကာမိအောင် စီးနင်းခ ကျပ် ၄၀၀ ယူတာပါ''ဟု စက်တင်ဘာ ၂၉ ရက်ရန်ကုန်ဘူ တာကြီး စခန်းသာဧည့်ဂေဟာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးက ဆက်လက်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းဖြင့် ရန်ကုန်-ကျိုက်ထိုခရီးစဉ် ပြေး ဆွဲရာတွင် ကျပ် ၃၅၀၀ ကျသင့် ပြီး ယင်းခရီးစဉ်၏ သုံးပုံတစ်ပုံ ခန့်ရှိသော ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင် ငွေကျပ် ၄၀၀ သာ ကောက်ခံထားကြောင်း၊ ရထား တွင် ပါဝင်သော ဝန်ဆောင်မှု အားလုံးကို စီးနင်းသူများအတွက် အပြည့်အဝ ပေးထားကြောင်း ပြောသည်။

အဆိုပါအဲကွန်းရထားတွဲ ဆိုင်းကို တွဲငါးတွဲဖြင့်ပြေးဆွဲမည် ဖြစ်ပြီး ရှေ့နောက် ရထားစက် ခေါင်း ပါဝင်ကြောင်း၊ ထိုင်ခုံအရေ အတွက် ၃၃၂ခုံနှင့် တွဲတစ်တွဲလျှင် အဲကွန်းလေးလုံး ပါဝင်ကြောင်း၊ အဆင့်မြင့် သန့်စင်ခန်းများကို အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။

ပြေးဆွဲမည့် ခရီးစဉ်များမှာ နံနက် ၆နာရီတွင် အင်းစိန်ဘူ တာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ရ နာရီ ၁၅မိနစ်တွင် ရောက်ရှိကာ ရန်ကုန်ဘူတာကြီးမှ နေ့စဉ်ခေါက် ရေ ရှစ်ခေါက် မြို့ပတ်ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

လမ်းခရီးတွင် ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သမိုင်း၊ အင်းစိန်၊ ဒညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ တံတားလေး၊ ကံဘဲ့၊ မလွှကုန်း၊ ပုဇွန်တောင်၊ ရန်ကုန်ဘူတာကြီး စသည့်ဘူ တာ ၁၃ခုဖြင့် မြို့ပတ်သွား မည် ဖြစ်ပြီး အချိန်တစ်နာရီ ၁၅မိနစ် သာ ကြာမြင့်သည့်အတွက် ပုံမှန် ရထားများထက် မိနစ်၃ဝအချိန် ကုန်သက်သာကြောင်း၊ မည်သည့် ဘူတာမဆိုစီးနင်းပါက ကလေး လူကြီးအပါအဝင် ငွေကျပ်၄၀၀ ကျသင့်မည်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည်များအတွက် ကန်ဒေါ် လာ နှစ်ဒေါ်လာကျသင့်မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့မီးရထား တိုင်းအ မှတ်(၇)မှ လက်ထောက်အထွေ ထွေမန်နေဂျာ ဦးကျော်ကျော် မျိုးက''အဲကွန်းပါ RBE ရထား တွဲတွေနဲ့ မြို့ပတ်လမ်းမှာ ပြေး မယ်ဆိုရင် ရထားငါးတွဲဆိုင်း တစ် ဆိုင်းဖြစ်မှာပါ။ လူဦးရေ၃၀၀ ကျော်လောက် စီး နင်းနိုင်မယ်၊။ လက်ရှိက တစ်နေ့ကို ရထားတွဲ ဆိုင်း၂၁ ဆိုင်းနဲ့ ခေါက်ရေ ၂၀၀ လောက် ပြေးဆွဲနေတော့ ၂၂ ဆိုင်းနဲ့ ခေါက်ရေက၂၀၈ခေါက် ဖြစ်လာမယ်''ဟုပြောသည်။
မြို့ပတ်ရထား စီးနင်းသူ ဦးဇော်နီဝင်းက ''လူတိုင်းမြို့ပတ် ရထားကိုစီးဖို့ဆိုရင် မြို့နယ်တိုင်း မှာ ဘူတာစဉ်ရှိပြီးတော့ မြို့နယ် ဘတ်စ်ကားဂိတ်တွေနဲ့ ချိတ်ဆက် ပေးဖို့လိုတယ်။ ဒီလို အချိန်မှန် မှန် ပြေးဆွဲပြီး အလွယ်တကူစီး နင်းနိုင်တဲ့ နေရာရှိမယ်ဆိုရင် ပြည် သူတွေ စီးလာကြလိမ့်မယ်''ဟု ပြောသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here