Wednesday, September 25, 2013

တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းလေ့လာသည့်အရပ်ဖက်အဖွဲ့အစည်း အားဒေသခံအုပ်ချုပ်ရေးမှူးခေါ်ယူတားမြစ်

0 comments


25.9.2013

တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့်သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက် ပျက်စီးမှုများ လေ့လာနေသည့် ပဒေသာမိုး အရပ်ဖက်အဖွဲ့အစည်းကို လက်ရှိ လုပ်ကိုင်နေသည် လုပ်ငန်းများအားရပ်တန့်ရန် စက်တင်ဘာ (၂၁)ရက်နေ့တွင် ငဖဲမြို့နယ် အုပ်ချုပ် ရေးမှူးက တားမြစ်ခဲ့သည်ဟု၎င်းအဖွဲ့ဝင်များကဆိုသည်။

ရှမ်းပြည်နယ်သီပေါမြို့နယ်အတွင်းနှင့်မကွေးတိုင်းငဖဲမြို့နယ်အတွင်းဒေသခံတောင်သူများ ပိုက်လိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသော လူမှုဘ၀ အခြေအနေများနှင့် ပတ်ဝန်းကျင် အခြေအနေများ အားစာတမ်းတစ်စောင် ထုတ်၍လွှတ်တော်အထိ တင်နိုင်ရန် ပဒေသာမိုး လူမှုအဖွဲ့အစည်းမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ငဖဲမြို့နယ်အတွင်းကျေးရွာ(၇) ရွာခန့်မှတောင် သူများနှင့် တွေ့ဆုံလေ့လာ အပြီးဂုတ်ကြီးကျေးရွာသို့ အရောက်တွင် “သာမိုးအရပ်ဖက်အဖွဲ့အစည်းအားသက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ခရိုင်အစိုးရအဖွဲ့များ၏ ခွင့်ပြုမှုနှင့် သာဆောင်ရွက်ရန်နှင့်ဧည့်သည်မှအိမ်ရှင်ကို ခွင့်တောင်းရန် လိုအပ်ကြောင်း၊ ခွင့်ပြုချက် မရရှိပဲ တွေ့ဆုံမေးမြန်းမှုများ ရပ်တန့်ပါ”ဟု တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
အုပ်ချုပ်ရေးမှူးကပြောတဲ့အတိုင်းသက်ဆိုင်ရာ၊တိုင်းခရိုင်အစိုးရအဖွဲ့တွေနဲ့တွေ့ဆုံဖို့ကြိုးစားခဲ့တယ်။တွေ့ခွင့်မရသေးပါဘူး၊စီစဉ်ထားတဲ့အတိုင်းတစ်နည်းနည်းနဲ့ဖြစ်အောင်ဆက်လုပ်သွားမှာပါဟုပဒေသာမိုးအဖွဲ့မှဦးသန့်ဇင်ကပြောသည်။ယင်းကိစ္စနှင့်ပတ်သက်၍ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး
စက်တင်ဘာ(၂၄ရက်နေ့ကဦးနိုင်ဝင်းဇော်ထံဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ“လေ့လာမှုတွေလုပ်တဲ့သူတို့အဖွဲ့ကိုခေါ်ပြောခဲ့တာ
ဟုတ်ပါတယ်အထက်ကလည်းဒီအတိုင်ပဲမှာထားလို့ပြောခဲ့တာပါ”ဟုဖြေကြားခဲ့သည်။ ငဖဲမြို့နယ်အတွင်း တရုတ်မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းခဲ့ရာလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် လျော်ကြေးငွေမရရှိသေးခြင်းများသဘာဝစမ်း ချောင်းများပျက်စီးနေမှုများနှင့်ပိုက်လိုင်းတည်ဆောက်စဉ်ကသတ်မှတ်ဧရိယာထက်ပိုမိုပျက်စီးခြင်းများကြုံတွေ့နေရကြောင်းဒေသခံများထံမှသိရသည်။

ဦးမင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here