Saturday, September 14, 2013
မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ဂျက်လေယာဉ်တွေ ၀ယ်ယူ/ ငှားရမ်းအသုံးပြုနိုင်တော့မည်
မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ဂျက်လေယာဉ်တွေ ၀ယ်ယူနိုင်ဖို့နဲ့ ငှားရမ်းအသုံးပြုနိုင်ဖို့အတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေပါပြီ။ ဒါ့အပြင် အဲဒီဂျက်လေယာဉ်တွေကို ပြုပြင်ထိန်းသိမ်းဖို့နဲ့ မောင်းနှင်အသုံးပြုနိုင်ဖို့ ပိုင်လော့တွေနဲ့ လေယာဉ်ဝန်ထမ်းတွေ လိုအပ်လာရင်လည်း ၀န်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ အမ်အေအိုင် လေကြောင်းလိုင်း တာဝန်ရှိသူ ဒေါ်အေးမရသာက ပြောပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီတခုနဲ့ အမ်အေအိုင်လေကြောင်းလိုင်းတို့က ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ သံရုံးတာဝန်ရှိသူတွေအတွက် ရည်ရွယ်ပြီး လူ ၁၀ ဦးဝန်းကျင် လိုက်ပါစီးနင်းနိုင်မယ့် ကိုယ်ပိုင် ဂျက်လေယာဉ်တွေကို ၀ယ်၊ငှားဝန်ဆောင်မှုတွေ ပေးနေတာ ဖြစ်ပါတယ်။
DVB TV
Subscribe to:
Post Comments (Atom)