Monday, September 30, 2013

အာဆီယံသုံးနိုင်ငံနှင့် ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန်မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် စီစဉ်

0 comments
30.9.2013

မြန်မာ နိုင်ငံ ပီတန်းအဖွဲ့ချုပ်သည် ဆီး ဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုအ နေဖြင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီ ကျွန်း၌ကျင်းပမည့် အာရှပီတန်း ပြိုင်ပွဲအပြင် အာဆီယံသုံးနိုင်ငံ သို့ သွားရောက်ပြီးလေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။ဘာလီကျွန်းတွင် ကျင်းပ မည့်ပြိုင်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ပြုလုပ်မည် ဟုသိရပြီး ယင်းပြိုင်ပွဲတွင် မြန်မာ နိုင်ငံ ပီတန်းအသင်းမှ အမျိုးသား လက်ရွေးစင်ကစားသမား ၁၄ ဦး နှင့် အမျိုးသမီး ၁၄ ဦး သွားရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ပြီးလျှင် မြန်မာနိုင်ငံ ပီတန်းအဖွဲ့အနေဖြင့် အကောင်းဆုံးကစားသမားများ ကို ထပ်မံရွေးထုတ်ကာ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများ သို့ ဆက်လက်သွားရောက်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါခရီးစဉ်တွင် လက်ရွေးစင်ကစားသမားကိုးဦး ရွေးထုတ်သွားမည်ဖြစ်ပြီး ရက် ၂၀ ကြာမြင့်မည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ပီတန်း အဖွဲ့အုပ်ချုပ်သူ ဦးနေမျိုးလွင်က ''လာအို၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်နိုင်ငံတွေကို ရက် ၂၀ သွား ရောက်ပြီး အဲဒီနိုင်ငံတွေက ကစား သမားတွေနဲ့ ပူးတွဲလေ့ကျင့်သွား မယ်''ဟု ပြောသည်။လက်ရှိတွင် ပီတန်းအဖွဲ့အ နေဖြင့် ဆီးဂိမ်းပြိုင်ပွဲအတွက် လက် ရွေးစင်ကစားသမား ရွေးချယ်မှု အဖြစ် အမျိုးသား ၁၄ ဦး၊ အမျိုး သမီး ၁၄ ဦး ရွေးချယ်ထားသော် လည်း ပြိုင်ပွဲကာလတွင်မူ အမျိုး သား၊ အမျိုးသမီး ၁၂ ဦးစီဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here