Wednesday, September 25, 2013

ဂျာမနီ ရွေးကောက်ပွဲ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် ၏ ပါတီ မဲအများဆုံး ဖြင့် အကြီး အကျယ် အောင်မြင်

0 comments


25.9.2013

စက်တင်ဘာ ၂၂ ရက် ဂျာမနီ ရွေးကောက်ပွဲ တွင် ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် ၏ ခရစ်ယာန် ဒီမိုကရက် တစ် ယူနီယံ ( CDU ) ပါတီ နှင့် ၄င်းတို့ ၏ မိတ်ဖက် ခရစ်ယာန် ဆိုရှယ် ယူနီယံ ( CSU ) ပါတီ တို့မှာ အကြီးကျယ် ဆုံး အောင်မြင် သူများ ဖြစ်ခဲ့ ကြောင်း စက်တင်ဘာ ၂၃ ရက် အစော ပိုင်း တရားဝင် မဲရလဒ် များ အရ သိရသည်။ ၄င်း ပါတီ နှစ်ရပ် သည် ဆန္ဒမဲ ၄၁ ဒသမ ၅ ရာခိုင်နှုန်း ရရှိ ခဲ့သည်။ အဓိက အတိုက်အခံ ပါတီကြီး ဖြစ်သည့် ဗဟို လက်ဝဲ ဆိုရှယ် ဒီမိုကရက် ပါတီ ( SPD ) ပါတီက ၂၅ ဒသမ ၇ ရာခိုင်နှုန်း ရရှိ ကြောင်း မဲရလဒ် အရ သိရသည်။ ဆိုရှယ် ဒီမိုကရက် ပါတီ ၏ မိတ်ဖက် ပါတီ ဖြစ်သော အစိမ်းရောင် ပါတီ က မဲ ၈ ဒသမ ၄ ရာခိုင်နှုန်း နှင့် လက်ဝဲ ပါတီ က ၈ ဒသမ ၆ ရာခိုင်နှုန်း မဲများ ရရှိ ကြောင်း ဆင်ဟွာ သတင်း တွင် ဖော်ပြ သည်။ မဲထည့်ပြီး သူများနှ င့် တွေ့ဆုံ မေးမြန်း ခန့်မှန်း သော ပထမ မဲ အခြေ အနေ ထွက်ပေါ် ပြီးနောက် စက်တင်ဘာ ၂၂ ရ က် တွင် ဘာလင် ရှိ ပါတီ ရုံးချုပ်၌ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် က တကယ့် ရလဒ်ကြီး တစ်ရ ပ်ပါ ဟူ၍ ထောက်ခံသူ များ ကို ပြောကြား ခဲ့သည်။

ဆင်ဟွာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here