Monday, September 30, 2013

လိုင်စင်မဲ့ မရှိတော့အောင် နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမယ်လို့ဆို

0 comments
30.9.2013

မြန်မာနိုင်ငံမှာ လိုင်စင်မဲ့ မော်တော်ကားနဲ့၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေ မရှိအောင်လုပ်ဆောင်တဲ့အနေနဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတာတွေကိုလာမည့်အောက်တိုဘာလအတွင်းနယ်လှည့်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

လိုင်စင်လုပ်ပေးတဲ့ကိစ္စကို အောက်တိုဘာလမှာစတင်မှာဖြစ်တယ်လို့လည်းကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

နေပြည်တော် လယ်ဝေးမြို့၊ ရန်ကုန်တိုင်း မှော်ဘီမြို့၊ မန္တလေးတိုင်း စဥ့်ကူးနဲ့ မလှိုင်မြို့အပါအဝင်၊ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးနဲမြို့၊ လင်းခေး၊ နမ့်ဆန်၊ မိုင်းခတ်၊ မိုင်းတုန်၊ မိုင်းယန်းမြို့နဲ့ ကယားပြည်နယ် ဘော်လခဲ၊ ဖာဆောင်း၊ မယ်စဲ့မြို့တွေမှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အဲ့ဒါ့အပြင် ကချင်ပြည်နယ် တနိုင်း၊ မိုးကောင်းမြို့၊ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့၊ ပဲခူးတိုင်း ရွှေကျင်၊ သဲကုန်း၊ မင်းလှ၊ မကွေးတိုင်း ရေစကြို၊ ငဖဲ၊အောင်လံမြို့၊ မွန်ပြည်နယ် ရေးမြို့၊ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နဲ့ ဧရာဝတီတိုင်း ကျုံပျော်၊ ဒေးဒရဲ၊ ရေကြည်၊ လေးမျက်နှာ အစရှိတဲ့ မြို့နယ်တွေမှာ လိုင်စင်ဆောင်ရွက်ပေးတာတွေ၊ လိုင်စင် သက်တမ်းတိုးတာတွေ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

လိုင်စင်မဲ့မရှိအောင် အခုလိုမျိုး နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမှာဖြစ်သလိုနောင်ကျရင် လိုင်စင်မဲ့သူတွေကို အရေးယူမှုတွေ ပိုမို ပြုလုပ်သွားမယ်လို့လည်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ကားတင်သွင်းခွင့် ဆိုင်ရာမူကို ပြောင်းလဲပေးခဲ့ပြီး နောက်ပိုင်း ကားတင်သွင်းမှုနှုန်းမြင့်တက်လာပြီး လိုင်စင်ရှိယာဉ်တွေအပြင် လိုင်စင်မဲ့ယာဉ်တွေပါ ဝင်ရောက်လာတဲ့အတွက် ခုလို လုပ်ဆောင်တာဖြစ်တဲ့အကြောင်းမြစ်မခသတင်းအရ သိရပါတယ်။

ABC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here