Monday, September 30, 2013

အမေ

0 comments


30.9.2013

* လူတိုင်းမှာ အမေဆိုတာ ရှိပါတယ်။ အမေတိုင်းဟာလည်း သားသမီးတိုင်းရဲ့ဘ၀ကို တိုးတက်စေချင်တဲ့ စိတ်၊ အောင်မြင်ကျော်ကြားစေချင်တဲ့ စိတ်အမြဲ ရှိကြပါတယ်။

* အမေဆိုတာ သားသမီးတိုင်းအတွက် လမ်းမှားရောက်စေဖို့ထက် လမ်းမှန်ရောက်စေဖို့ပဲ ညွှန်လေ့ရှိပါတယ်။ တကယ်လမ်းမှားနေရောက်နေတဲ့ သားသမီးဆိုရင်လည်း နားလည်ခွင့်လွှတ်တတ်တဲ့ မေတ္တာတွေ အမြဲလွှမ်းခြုံနေတတ်ပါတယ်။

* တကယ်တော့ အမေတိုင်းဟာ သားသမီးတိုင်းရဲ့ လမ်းပြကြယ်စင် အနှိုင်းမဲ့ မေတ္တာရှင်တွေပါပဲ။ အမေဆိုတဲ့ စကားလုံးလေးက နှစ်လုံးတည်းပါ။ ဒါပေမဲ့ သူတို့တွေရဲ့ စေတနာ၊ မေတ္တာ၊ အကြင်နာ ကရုဏာတွေက မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။

* ဒါကြောင့် အမေ့မေတ္တာကို နားလည်ပါ။ မပေးဆပ်နိုင်ရင် နေပါ။ ကျေးဇူးမကန်း မိပါစေနဲ့။ အမေအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။

'ဌေး' သာမဏေကျော်ဆရာတော်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here