Monday, September 23, 2013

မြန်မာနိုင်ငံရှိ အဓိကလေဆိပ် ခြောက်ခုတွင် ယန်း ၁ ဒသမ ၂၃၃ ဘီလျံတန်ဖိုးရှိ လေဆိပ်ဘေးကင်း လုံခြုံရေး စက်ပစ္စည်းများအား ဂျပန်က ကူညီတပ်ဆင်ပေးမည်

0 comments



23.9.2013

မြန်မာနိုင်ငံရှိ အဓိက လေဆိပ် ၆ ခုတွင် ဂျပန်ယန်းငွေ ၁ ဒသမ ၂၃၃ ဘီလျံ တန်ဖိုးရှိ လေဆိပ် ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် စက်ပစ္စည်းများအား ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါဝင် မြန်မာနိုင်ငံရှိ အဓိက လေဆိပ်များဖြစ်သော မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ သံတွဲနှင့် ထားဝယ်စသည့် လေဆိပ် ၆ ခုတွင် လေဆိပ်များ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် စက်ပစ္စည်းများ တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည့် စက်ပစ္စည်းများတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်း အဖွဲ့ချုပ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လေကြောင်း လမ်းညွှန်စက်ပစ္စည်းများ၊ လေယာဉ်ပြေးလမ်း ထွန်းညှိမီးများ၊ မီးသတ် ကိရိယာများ၊ X-ray စက်များ၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား စစ်ဆေးသည့် ကိရိယာများနှင့် လေဆိပ်ဘေးကင်း လုံခြုံရေးနှင့် ပတ်သက်သည့် စက်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ စက်ပစ္စည်းများအား ဂျပန်နိုင်ငံမှ တပ်ဆင်ပေးရခြင်းမှာ မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံ Japan International Cooperation Agency တို့ ၂၀၁၃ ခုနှစ်၊ မတ်လအတွင်းက လက်မှတ် ရေးထိုးခဲ့သည့် အိုဒီအေ ချေးငွေ ကူညီပေးရေး သဘောတူညီမှုအရ ယခုကဲ့သို့ ဂျပန်ယန်းငွေ ၁ ဒသမ ၂၃၃ ဘီလျံ တန်ဖိုးရှိ စက်ပစ္စည်းများအား မြန်မာနိုင်ငံရှိ လေဆိပ်များတွင် တပ်ဆင်ပေးခြင်း ဖြစ်သည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here