23.9.2013
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ ပင်ဝယ်ကျေးရွာအုပ်စု ဖားပန်ကျေးရွာအနီးတွင် ပေ ၄ဝဝဝ ခန့် ကျယ်ဝန်းသည့် ဖားပန်ချောင်းကို ဖြတ်သန်း၍ ကွန်ကရစ် တံတားကြီးတစ်စင်းကို ဆောက်လုပ်နေပြီး တံတားကြီးပြီးစီးခဲ့ပါက ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်လာကာ ဒေသခံပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့မည်မှာ အမှန် ပင်ဖြစ်သော်လည်း ယခုကဲ့သို့ မိုးရာသီတွင် ချောင်းရေမှာ များပြားပြီး ရေစီးသန်သဖြင့် ချောင်းကို ဖြတ်သန်းသွားလာနေကြရသည့် ခရီးသွားပြည်သူများအတွက် အသက် အန္တရာယ်နှင့် အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း၊ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားကြသည့် ပြည်သူများသည် ချောင်းကို ဖြတ်ကူးနိုင်ရန်အတွက် ဆိုင်ကယ်သယ်ဆောင်ခအဖြစ် ငွေကျပ် ၁၅ဝဝ၊ ၂ဝဝဝ၊ ၃ဝဝဝ အစရှိသဖြင့် ပေးနေကြရကြောင်း၊ တံတားကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း အစမျှသာရှိနေပြီး အချိန်ကြာမြင့်မည်ဖြစ်သည့် အတွက် ဖားပန်ချောင်းကူး ယာယီတံတားတစ်စင်းကို ဆောက်လုပ်ပေးလျှင် အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံခရီးသွားပြည်သူ တစ်ဦးထံမှ ကြားသိရသည်။
သတင်းနှင်. စာနယ်ဇင်းလုပ်ငန်း