Saturday, September 28, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒရယူကာ လွှတ်တော်သို့တင်သွင်းမည်

0 comments


28.9.2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး အတွက် လူထု၏ သဘောထားခံယူချက် တောင်းခံကာ လွှတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များ ပါဝင် သော အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။ 

၎င်းတို့ ကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာရာ တွင် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်၊ ရှေ့နောက်ညီညွတ် ခြင်းမရှိသော ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်း သားများ၏ အခွင့်အရေးများကို အာမခံ ရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူ ထောင်ရေးအတွက် အဟန့်အတား ဖြစ်နေ သည့် ပြဋ္ဌာန်းချက်များအပြင် ပါတီစုံ ဒီမို ကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်သော၊ အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီမဏ္ဍိုင်ကြီး သုံးရပ်အား တစ်ဖက်စောင်းနင်းဖြစ်စေ သော၊ နိုင်ငံသားများ၏ တန်းတူ ညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်းမရှိသော၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ လွတ်လပ် ၍ တရားမျှတရေးကို ထိခိုက်နေသည့်
ပြဋ္ဌာန်းချက် များကို တွေ့ရှိရကြောင်း ယင်းကော်မတီ၏ ကြေညာချက်အရ သိရ သည်။ 

''လူထုဆန္ဒခံယူမယ်၊ ပြင်မလား၊ အသစ်ရေးဆွဲမလား၊ ပြင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ပြောပြမယ်။ အသစ်ရေးဆွဲ မယ့် ကောင်းကျိုးဆိုးကျိုးတွေ ပြောပြ မယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ 

တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်း ဆောင်များနှင့် တွေ့ဆုံရာ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ပြန်လည် ရေးဆွဲရေးနှင့် ပတ်သက် သည့် အားသာချက်၊ အားနည်းချက် အကြောင်းအကျိုးများအား ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ထိုကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ပြည်သူ၏ ဆန္ဒ သဘောထား ရယူ ကာ ရရှိ လာသည့်ရလဒ်အား ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

မင်းဗညား(NewsWatch)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here