ကားပြင်ဝပ်ရှော့ (Workshop) ဆရာတစ်ယောက်ဆီမှာ ကားအင်ဂျင်တစ်လုံးကိုင်ဖို့
ဝပ်ရှော့ဆရာက အရင်ဆုံး အင်ဂျင်ကို တစ်စီဖြုတ်၊ပြီးရင် အင်ဂျင်ရဲ့ Head နဲ့ Bar ပြင်တဲ့ဆိုင်ပို့၊ စလစ်ရိုက်တဲ့ဆိုင်ပို့၊ကရိုင်းရှပ်သတဲ့ဆိုင်ပို့ စသဖြင့် တစ်ဆိုင်စီ ခွဲပို့မယ်။
Piston နဲ့ ring အသစ်ဝယ်ထည့်၊ Gasket one set တစ်စုံအသစ်ဝယ်ထည့်၊နော်ဇယ်နဲ့ ပလန်ဂျာကိုလည်း သက်ဆိုင်ရာဆိုင်ကို ပို့ပြီးပြုပြင်၊ ပြီးရင်ပြန်တပ်။ ရေတိုင်ကီဆေးတဲ့ဆိုင်ပို့၊အင်ဂျင်ဝိုင်အသစ်ဝယ်ထည့်၊ Filter လဲ၊ပြီးရင် စက်နှိုးလို့ရပါပြီ။အဲဒီလို အင်ဂျင်တစ်လုံး ပြန်ကိုင်ဖို့အတွက် ၀ပ်ရှော့ဆရာက သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် ပြုပြင်တဲ့ဆိုင် အနည်းဆုံး (၃)ဆိုင်လောက် ပို့ပြီးပြင်ရပါတယ်။အသစ်လဲရမယ့် ပစ္စည်း အတွက်လည်း
တကယ်တော့ ၀ပ်ရှော့ဆရာ ဆိုတာ အကုန်လုံးကို လုပ်တတ်နေစရာမလိုပါဘူး။ တစ်စီဖြုတ်တတ်ဖို့၊ အပြစ်၊ ချို့ယွင်းချက်ကို တွေ့အောင်ရှာတတ်ဖို့ လိုအပ်ပါတယ်။ဘယ်အစိတ်အပိုင်းကို ဘယ်ဆိုင်က ပြင်တာ အကောင်းဆုံးဆိုတာတော့
နာမည်ကျော် တိုယိုတာ ကားကုမ္ပဏီကြီးဟာလည်း သူကိုယ်တိုင် ဘာပစ္စည်းတစ်ခုမှ သိပ်မထုတ်လုပ်ပဲ ကားအစိတ်အပိုင်းတစ်ခုချင်းစ
လူလောကမှာလည်း ဒီသဘောတရားအတိုင်းလို့ ထင်ပါတယ်။အောင်မြင်သွားတဲ့သူတွေကို လေ့လာကြည့်ရင်
သူကိုယ်တိုင် အားလုံးကို မလုပ်ပါဘူး။ လုပ်လည်း မလုပ်တတ်ပါဘူး။
ဒါပေမယ့် သူ့လုပ်ငန်းအစိတ်အပိုင်းတစ်
သူလိုအပ်တဲ့ အဆင့်တစ်ခုစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို
အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အရည်အသွေးကို တစ်ချိန်လုံး ထိန်းသိမ်းထားနိုင်တယ်။အဆင့်အားလုံးအတွက် သူက တာဝန်ယူရဲတယ်။ နာမည်ခံရဲတယ်။ဒီသဘောတရားကြောင့် အောင်မြင်မှုရရှိကြတယ်လို့ မြင်မိပါတယ်။
Kyaw Hlaing Win
လူဗိုလ်ဟူသည်.