ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပြင်းထန်သောတိုက်ခိုက်မှုမျာ
သူပုန်အင်အားစုများမှာ မိုရို အမျိုးသားလွတ်မြောက်ရေးတပ်ဦ
"ကျွန်တော်တို့ စိုးရိမ်ကြောက်လန့် မိပါတယ်။ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း ပြန်လုပ်နိုင်အောင် ဒီပြဿနာကြီး မြန်မြန်ပြီးသွားဖို့ လိုပါတယ်" ဟု ဒေသခံ တစ်ဦးဖြစ်သူ အက်ဒ်လာဂွါတန်က ဆိုသည်။
"မြို့ကိုတက်လာတဲ့ သူပုန်တွေကို တွေ့လိုက်ပါတယ်။ သူတို့ပုံက အသေခံပြီး တိုက်တော့မယ့်ပုံမျိုးပါ" ဟု ၄င်းဒေသခံက ပြန်လည်ပြောပြသည်။
ဖိလစ်ပိုင်ကမ်းတက်တပ်ဖွဲ့က မိုရိုသူပုန်ကိုးဦးကို တန်ပြန်စစ်ဆင်ရေးတွင် အသေဖမ်းမိခဲ့ကြောင်း ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်မှူးကြီး ဂရီဂိုရီဖာဗစ်က AFP ကို ပြောကြားခဲ့သည်။
လူအင်အားနှစ်ရာနီးပါးရှိသော
သူပုန်များဘက်ကလည်း တန်ပြန်ခုခံရန် အဆင်သင့်ရှိပါကြောင်း မိုရိုသူပုန် ပြောခွင့်ရပုဂ္ဂိုလ်က ပြည်တွင်းသတင်း ရေဒီယိုတစ်ခုကို ဖြေကြားခဲ့သည်။
အာဏာပိုင်များအနေနှင့် သူပုန်များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန်လ
ဒေသခံ ၁၈၀ ခန့်ကို သူပုန်များက ဓားစာခံများကို မနုဿဒိုင်းအဖြစ် ကာထားပြီး အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကို ကာကွယ်ထားသည် ဟုလည်း ၄င်းကဆိုသည်။
မိုရိုမွတ်ဆလင်သူပုန် များသည် ကက်သလစ်ဘာသာဝင် များသော ဖိလစ်ပိုင် နိုင်ငံတွင် တောင်ပိုင်းဒေသကို လွတ်လပ်ရေး ပေးရန်အတွက် ရည်ရွယ်ပြီး လက်နက်ကိုင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
The Voice Weekly