Wednesday, September 25, 2013

ကမ္ဘာ့ အကြီးဆုံး စားသောက်ကုန် လုပ်ငန်းစု Nestle မြန်မာ တွင် စက်ရုံ တည်ထောင် ရင်းနှီး မြှုပ်နှံခွင့် ရရှိ

0 comments
ကမ္ဘာကျော် Unilever စားသောက် ကုန် လုပ်ငန်းစု သည် မြန်မာနိုင်ငံ တွင် စက်ရုံ တည်ထောင်ပြီး လုပ်ငန်း စတင် လည်ပတ် နေချိန် တွင် ကမ္ဘာ အကြီးဆုံး စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းစု Nestle က လည်း မြန်မာနိုင်ငံ တွင် စားသောက်ကုန် များ ထုတ်လုပ် ရောင်းချရန် စက်ရုံ တည်ေ ဆာ က်ခွင့် ကို MIC ( မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ) ထံမှ ခွင့်ပြုချက် ရရှိခဲ့ပြီး ဖြစ်ကြောင်း ကုမ္ပဏီ က ၂၁.၉.၂၀၁၃ ရက် တွင် ထုတ်ပြန် ကြေညာ လိုက်သည်။ 

ဆွစ်ဇာလန် အခြေစိုက် Nestle သည် ကမ္ဘာပေါ် တွင် နိုင်ငံပေါင်း ၈၆ နိုင်ငံ ၌ စက်ရုံ ပေါင်း ၄၅၀ အထိ ဖွင့်လှစ် ထားပြီး ဖြစ်ပြီး လုပ်သား ၃၂၈၀၀၀ ကို တိုက်ရိုက် အလုပ်ခန့် ထားနိုင် သည့် ကုမ္ပ ဏီ ဖြစ်ကာ မြန်မာနိုင်ငံတွင် ၄င်းတို့ ရင်းနှီး မြှုပ်နှံမည့် စက်ရုံတွင် လည်း မြန်မာ လုပ်သား ထောင်ချီ ၍ အလုပ်ရ စေမည်ဟု သိရသည်။ “စားသောက် ကုန် ထုတ်လုပ်ရေး ကုမ္ပဏီ တွေ ဒီကို နင်းကန် ပြီး ဝင်လာတယ် ဆိုတဲ့ နေရာမှာ သူတို့က မြန်မာ ဈေးကွက် တစ်ခု တည်းကို ဦးတည်တာ မဟုတ် ဘူး။ မြန်မာ က သန်း ၆၀ ကျော် ရှိတယ်။ အိန္ဒိယ နှင့် တရုတ် က သန်း ၃၀၀၀ လောက် ရှိတယ်။ သူတို့က အဲဒီဘက် ကို ရည်ရွယ် နေတာ ဖြစ်နိုင် တယ်” ဟု ပြည်တွင်း ရှိ နာမည်ရ စားသောက်ကုန် လုပ်ငန်းစု တစ်ခုမှ လုပ်ငန်းရှင် တစ်ဦး က သုံးသပ် ပြောကြား သည်။ 

မြန်မာ နိုင်ငံတွင် Nestle ကော်ဖီ မှာ လူတန်းစား တစ်ရပ် ကြားတွင် နာမည် ရပြီး ဖြစ်ပြီး Nestle လုပ်ငန်းစု အနေဖြင့် မြန်မာ နိုင်ငံ နှင့် ဈေးကွက် စိမ်းနေခြင်း မရှိ ကြောင်း သိရသည်။ Nestle မှ ထုတ်ပြန်ချက် တွင် မြန်မာ နိုင်ငံ ထံမှ ၄င်းတို့ ၏ စက်ရုံ တည်ဆောက်ခွင့် ပြုမည် ဖြစ်ကြောင်း အ တည် ပြုချက် ကို ရရှိမည် ဖြစ်သည်ဟု ပြောကြား လာခြင်း ဖြစ်ကာ ၄င်း တို့၏ ထုတ်ကုန် မျိုးစုံ ကို မြန်မာ ဈေးကွက် တွင် တိုးမြှင့် ဖြန့်ချိတော့ မည်ဟု သိရပြီး စက်ရုံ ရင်းနှီး မြှုပ်နှံ မည့် ပမာဏ ကို ထုတ်ဖော် ပြောကြားလာခြင်း မရှိသေး ကြောင်း သိရသည် ။

ပြည်မြန်မာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here