Thursday, September 12, 2013

ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်ပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA မှ တပ်ဖွဲ့ဝင် တစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်

0 comments


မိုးနဲမြို့နယ်၊ လွယ်ယုကာကျေးရွာ၏တောင်ဘက်ရှိ လွယ်ရေးတောင်ပေါ်နှင့် အနီးဝန်းကျင် တစ်ဝိုက် လှုပ်ရှားနေ သော RCSS/SSA အဖွဲ့မှ တပ်သားအဆင့်ရှိ ဘိုဝင်း(ခ)ကလောသည် မိုးနဲမြို့ အစိုးရဌာန ဆိုင်ရာရုံးတစ်ရုံးသို့ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်က လက်နက်မဲ့ အလင်းဝင်ရောက် လာခဲ့ကြောင်း သိရှိရပါသည်။
 
အဆိုပါ အလင်းဝင်ရောက်လာသူသည် ဆီဆိုင်မြို့နယ်၊ နောင်တော်ကျေးရွာ၌နေထိုင်စဉ် လွန်ခဲ့သော ၂ နှစ်ခန့် က RCSS/SSA အဖွဲ့၏ တစ်ရွာလျှင် လူသစ်(၅)ယောက် တောင်းသောစနစ်ကြောင့် ၎င်းအနေဖြင့် ရွာအတွက် အလှည့်ကျလူသစ် လုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ လူသစ်လုပ်ရန် ပြောစဉ်က RCSS/SSA အဖွဲ့တွင် တစ်နှစ်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တစ်နှစ်ပြည့်ပါက တပ်ဖွဲ့ဝင်မလုပ်လိုလျှင် ထွက်နိုင်သည်ဟု အာမခံခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်ဖြစ်ပြီး ၂ နှစ်အကြာ၌ ထွက်ခွင့်တောင်းရာ မရသဖြင့် ယခုကဲ့သို့ အလင်း ၀င်ရောက်လာခဲ့ခြင်းဖြစ် ကြောင်း မိုးနဲမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

``တပ်ဖွဲ့ဝင်တွေဟာ မိသားစုနဲ့ ခွဲနေရတဲ့နှစ်တွေ ကြာလာတော့ မိသားစုကို သတိရတာပေါ့၊ ပြီးတော့ သားသမီးတွေရှိရင် သူတို့ဘ၀ရှေ့ရေးအတွက်လည်း မိဘအနေနဲ့ စဉ်းစားပေးရတာတွေရှိတယ်လေ၊ အဲဒီ တောထဲမှာ ဆက်နေရင် သူတို့အတွက် အာမခံချက်မရှိသလို မိသားစုကိုလည်း ပြန်မကြည့်နိုင်ဘူး၊ ဒါ့ကြောင့် အလင်းဝင်လာတာ နေမှာပေါ့´´ ဟု မိုးနဲမြို့ခံတစ်ဦးက ပြောပြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့သည် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါသည်။

RCSS/SSA သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့တွင် မပါ ၀င်သော် လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးရန် သတ်မှတ်ထားသော အောက်တို ဘာလတွင် သဘောတူ လက်မှတ်ရေးထိုးမည်ဟု သတင်း ထွက်ပေါ်လျက်ရှိသည်။

RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က UNFC ရဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ သစ်ရေးဆွဲရေး နှင့်ပတ်သက်၍ ထောက်ခံ ပါဝင်ခြင်းမရှိသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်၍လည်း ခုလိုအခြေအနေမှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ မသင့်သေး ဘူးဖို့ ပြောကြား ထားခဲ့ကြောင်း သိရှိရပါသည်။

အိုက်ပီး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here