23.9.2013
တရုတ်နိုင်ငံ ပြည်မနဲ့ ဟောင်ကောင်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Usagi လေမုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရပါတယ်။
တစ်နာရီ လေတိုက်နှုန်းပြင်းအား ၁၈၀ ကီလိုမီတာကျော် ရှိတဲ့ ဆူပါ မုန်တိုင်းကြောင့် ဓာတ်မီးတိုင် ပျက်စီးခဲ့ရသလို မုန်တိုင်းနဲ့အတူ ပါလာတဲ့ မိုးရေ တွေ ကြောင့် လည်း ရေ ကြီး မှု တွေ ဖြစ် ပေါ် နေပါတယ်။
တရုတ်နိုင်ငံမှာ အမြင့်ဆုံး တပ်လှန့်အဆင့် ထုတ်ပြန်ထားပြီး ဖူဂျီယံပြည်နယ်မှာတော့ လူပေါင်း ရှစ်သောင်းကျော်ကို ရွေ့ပြောင်းမှု လုပ်ထားပြီး လူပေါင်း ငါးသောင်းကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းအတွက် နေရာချထားလိုက်ပြီလို့ ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း ဒေသမှာ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး အဲဒီထဲက ၁၃ ယောက်ဟာ Guangdong ပြည်နယ်က ဖြစ်ပါတယ်။
တချို့နေရာမှာ သစ်ပင်တွေ အမြစ်လှန်တဲ့အထိ ဖြစ်ကုန်ပြီး ကားတွေလည်း လမ်းဘေးအထိ လွင့်ထွက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွင်းအကြီးမားဆုံးဖြစ်တဲ့ တိုင်ဖုံးလေမုန်တိုင်းကြီးဟာ တရုတ်ပြည်မနဲ့ ဟောင်ကောင်ကျွန်းသာမက ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်ကျွန်းတို့ကိုပါ ဝင်မွှေခဲ့ပါတယ်။
ဟောင်ကောင်ကျွန်းမှာ လှိုင်းပုတ်ခတ်မှု အမြင့်တွေဟာ ၃ မီတာ အထိ မြင့်တက်ခဲ့ပြီးနောက် ဟောင်ကောင်ကျွန်းမြောက်ပိုင်းကို ရေတွေ ရေလျှံခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာလဲ ပြင်းထန်တဲ့လေမုန်တိုင်းဟာ အုန်းပင်တွေကို အမြစ်တွေ ကနေ ဆွဲနှုတ် ခဲ့တာတွေ ထက်ဝက်ကျိုးကုန်တာတွေ ဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။
ထိုင်ဝမ်မှာတာ့ တိုင်ဖုံးတိုက်ခတ်မှု တနာရီကို ကီလိုမီတာ ၁၀၀ လောက်အထိ ပြင်းအား နဲ့ သက်ရောက်ခဲ့ပြီး၊ ခရီးအသွားအလာ လေယာဉ်ပျံသန်းမှု တွေ ရပ်တန့် ခဲ့ ရတယ်လို့ ဆိုပါတယ်။
သတင်းမော်ကွန်း
