Thursday, October 31, 2013

Myanmar Mining Law မူကြမ်းအား လာမည့် လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးမည်ဖြစ်ပြီး သုတေသနပိုင်းဆိုင်ရာ အားနည်းချက်များကို ထည့်သွင်း ရေးဆွဲသင့်ကြောင်း သုံးသပ်

0 comments
31.10.2013

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးလျှက်ရှိသော ၁၉၉၄ ခုနှစ်တွင် ရေးဆွဲခဲ့သည့် မြန်မာ့သတ္တု တူးဖော်ရေး ဆိုင်ရာဥပဒေတွင် အားနည်းချက်များ ရှိနေသည့်အတွက် New Mining law အား အသစ်ပြန် လည် ရေး ဆွဲ သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဥပဒေသစ် ဖြစ်ပေါ်လာမည့် ဥပဒေမူကြမ်းအား လာမည့်လွတ်တော် အစည်းအဝေး၌ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

"မြန်မာနိုင်ငံရဲ့ Mining law ကို ရေးဆွဲတဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူရော၊ ဒေသခံတွေရဲ့ အကျိုးကို ထည့် တွက် ဖို့ လိုပါတယ်။ ပြီးတော့ ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေက တာဝန်ယူမှု အပြည့်ရှိတဲ့ ကုမ္ပဏီတွေ ဖြစ်သင့်တယ်။ ရင်းနှီးမြှုပ်နှံသူဘက်က ကြည့်တော့လည်း ဒီကဏ္ဍက စွန့်စားရင်း နှီးမြှုပ်နှံ ရတဲ့ လုပ်ငန်းပါ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသလို တိုင်းပြည်အတွက်လည်း အကျိုးရှိမယ့် ကုမ္ပဏီ မျိုး ကို သတိထား ရွေးချယ်သင့်ပါတယ်"ဟု မြန်မာနိုင်ငံ၏ Mining law နှင့်ပတ်သက်၍ အကြံ ဥာဏ်ပေးနေသော သြစတြေးလျ ပညာရှင်တစ်ဦးက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေး ကဏ္ဍတွင် သုတေသန လုပ်သည့်အပိုင်းနှင့် လိုအပ်သော အထောက်အကူပြု ပစ္စည်းများမရှိသည့်အတွက် သတ္တုတွင်းထွက်များ အမျိုးအစား ခွဲခြားရာတွင်လည်း အခက်အခဲများ ရှိကြောင်း၊ သို့ပါ၍ ယင်းအားနည်းချက်များအား နည်းဥပဒေ တစ်ရပ်အနေနှင့် စနစ်တကျ ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

"ပြောရမယ်ဆိုရင် ဒီမှာ analysis လုပ်တဲ့အပိုင်းတွေက ခေတ်မမီတော့ဘူး။ လုပ်တဲ့ စက်တွေက များသောအားဖြင့် Atomic absorbtion spectrometer လို့ ခေါ်တယ်။ ဒါတွေနဲ့ ဓာတ်ခွဲတာပေါ့။ သူများနိုင်ငံတွေ မှာတော့ (International Assayer) ဆိုတာရှိတယ်။ ဥပမာ landon Mineral Exchange ဆိုရင် သူက အသိအမှတ် ပြုထားတဲ့ ကုမ္ပဏီကြီးက ၁၀ ခုရှိတယ်။ အဲဒီ ၁၀ ခု ဘယ်သူ့လက်မှတ်ဖြစ်ဖြစ် ကမ္ဘာက လက်ခံတယ်။ မြန်မာပြည်မှာကျတော့ ဘယ်မှာ ဓာတ်ခွဲရမှန်းတောင် မသိဘူး။ ဘာပစ္စည်း ဖြစ် တယ် ဆိုတာကို Physical appearance ပေါ့၊ သူ့ရဲ့ အပေါ်ယံပိုင်းကတော့ သိတာပေါ့။ ဒါပေမဲ့ သေသေ ချာချာ သိတာမျိုးတော့ မဟုတ်ဘူး။ ဥပမာ မာကျောမှုကို စစ်ဆေးတာ ရှိတယ်။ နောက်တစ်ခုက မှတ်ကျောက်နဲ့ ချစ်ကြည့်မယ်။ နောက် မိုက်ခရိုစကုပ်နဲ့ ကြည့်တာရှိတယ်။ ပြောချင်တာက Physical properties ကို ကြည့်ပြီးမှ သိတာရှိသလို Chemical Analysis လုပ်ပြီးမှ သိတာလည်း ရှိမယ်။ ဒါကြောင့် ဒီအပိုင်းတွေလည်း အရေးကြီးပါတယ်။ ဒီအပိုင်းတွေကို စနစ်တကျ လုပ်သင့်ပါတယ်လို့ မြင်ပါတယ်"ဟု သတ္တုတွင်း ၀န်ကြီးဌာနမှ အငြိမ်းစားပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

"အခု လုပ်နေတဲ့ပုံစံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုပါတော့။ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် သတင်းအချက် အလက်ကို အရင်ယူတယ်လေ။ ဒါကြောင့် ယေဘုယျအားဖြင့်တော့ မြန်မာပြည်မှာ ဘယ်နေရာ ဘာထွက်တယ် ဆိုတာတော့ သူတို့ကလည်း သိတယ်။ ဒါပေမဲ့ဗျာ ဥပမာ သံလွင်မြစ် အရှေ့ခြမ်းရဲ့ Geological Map ကရော Mineral deposit ရော ဘာမှ မြန်မာပြည်မှာ မှတ်တမ်းမရှိဘူး။ ဒီလို သုတေသန လုပ်တဲ့အပိုင်း အားနည်းနေတယ်။ ဒါကြောင့် ဒီအချက်တွေလည်း ပါသင့်ပါတယ်"ဟု ၎င်းက သုံးသပ်ပြောကြားသည်။


EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here