Thursday, October 10, 2013

သံတွဲဒုက္ခသည် ၄၈ဝ ကျော်အတွက် အကူအညီလိုအပ်

0 comments
10.10.2013

ရခိုင်ပြည်နယ် သံတွဲပဋိပက္ခမှ ဒုက္ခသည် ၄၈ဝကျော်အတွက် ဆန်၊ အဝတ်အထည်၊ ငွေကြေး၊ ဆေးဝါးနှင့် အထွေထွေလူသုံးကုန် ပစ္စည်းများလိုအပ်လျက်ရှိနေကြောင်း ရခိုင်အမျိုး သားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြော သည်။

ရခိုင်ပြည်နယ် သံတွဲမြို့ သူဌေးချောင်း တိုက်နယ်ပဋိပက္ခတွင် အိုးအိမ်စည်းစိမ်ဖျက်ဆီး ခံရပြီး အတိဒုက္ခရောက်နေသော ရခိုင်မိသားစု များစာရင်းမှာ ဇီးကျွန်းဘုန်းကြီးကျောင်းတွင် ကျား ၂၅ဦး၊ မ ၄ဝ၊ ဆင်ခေါင်းတောင်အောက် ကျောင်းတွင် ကျား ၅ဦး၊ မ ၅ဝ၊ ညောင်ခြေ ထောက်ကျောင်းကြီးတွင် ကျား ၄၅ဦး၊ မ ၆ဝ၊ ငလျင်တောင်ကျောင်းတွင် ကျား ၅၃ဦး၊ မ ၇၄၊ အင်တိုင်းကြီးကျောင်းတွင် ကျား ၂၇ဦး၊ မ ၂၃၊ ခမောင်းတုန်းကျောင်းတွင် ကျား ၁၂ဦး၊ မ ၃ဝ၊ မကျည်းချောင်ကျောင်းတွင် ကျားနှင့်မ ၄ဝ စုစု ပေါင်းဒုက္ခသည် ၄၈၄ဦးနှင့် မီးလောင်ဖျက်ဆီး ခံရသော ရခိုင်အိမ်ပေါင်း ၂ဝ၅လုံးရှိကြောင်း ဦးတင်ထူးအောင်က ပြောသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here