Thursday, October 10, 2013

ပြည်တွင်းလုပ်ငန်းရှင် ၆ဝ၅ ဦးအား ချေးငွေ ကျပ် ၈၈၆၄၉ဒသမ၂၆ သန်း ထုတ်ချေးခဲ့ကြောင်းစက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးဆို

0 comments

10.10.2013

အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ယခုနှစ် သြဂုတ်၃ဝ ရက်အထိ ပြည်တွင်းလုပ်ငန်းရှင် ၆ဝ၅ ဦးအား ချေးငွေကျပ် ၈၈၆၄၉ဒသမ၂၆သန်းအထိ ထုတ်ချေးပေးခဲ့ကြောင်းနေပြည်တော်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးအောင်ကပြောကြားခဲ့သည်။

အသေးစားနှင့် အလတ်စားဖွံ့ဖြိုးရေးဘဏ်ကို လယ်ယာအမတော်ကြေးကဲ့သို့ ထုတ်ချေးခဲ့ သည့် ငွေကျပ် ၁ဝ ဘီလီယံကို ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီအတိုးနှုန်း ၈ဒသမ၅ ရာခိုင်နှုန်းဖြင့် အချိန်ကာလသုံးနှစ်အထိ အလားအလာကောင်းမွန်သော 
အသေးစားနှင့်အလတ်စားလုပ်ငန်း ၆၂ ခုကိုထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေထုတ်ပေးနိုင်ရေး အဆင့်များ အနေဖြင့် စက်မှုလုပ်ငန်းလိုင်စဉ်များနှင့်တကွ အသေးစားနှင့် အလတ်စားဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုဌာနသို့ တင်ပြရမည်ဖြစ်ပြီး လုပ်ငန်းအမှန်တကယ်လည်ပတ်နေခြင်းရှိမရှိ၊ စက်မှုလုပ်ငန်း မှတ်ပုံတင်ထားခြင်းရှိမရှိတို့ကို ကွင်းဆင်းသွားရောက်စစ်ဆေး ထားသည့် ထောက်ခံ ချက်ဖြင့် ချေးငွေ ထုတ်ချေးနိုင်ရေးအတွက် အသေးစားနှင့်အလတ်စားဖွံ့ဖြိုးတိုးတက်ရေးဘဏ်သို့ ပေးပို့ နိုင်ကြောင်းမှန်ကန်ပြည့်စုံပါက ချေးငွေလျှောက်လွှာတွင်ဖြည့်စွက်၍ ချေးငွေလျှောက်ထားနိုင် ကြောင်းသိရသည်။

ချေးငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ အာမခံပေးအပ်မည့်မြေနှင့် အဆောက်အအုံအား ဘဏ်ရာဖြတ်မှ ကွင်းဆင်းစစ်ဆေးရန် သင့်မသင့်ကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)ရှိချေးငွေဌာန မှ ဦးဆောင် ညွှန်ကြားရေးမှူးထံ ခွင့်ပြုမိန့်တောင်းခံရမည် ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိပါက ကွင်းဆင်းစစ်ဆေး၍အတင်းအကျပ်ရောင်းဈေးတန်ဖိုးကို သတ်မှတ် ပြီးပါက ကျပ်သိန်း ၂ဝဝဝ အောက်ချေးငွေအမှုတွဲများကို ဘဏ်ဥက္ကဋ္ဌ (၂) နှင့်ဒါရိုက်တာအဖွဲ့ဝင် လေးဦးပါဝင်သောချေးငွေကော်မတီ သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ကျပ်သိန်း ၂ဝဝဝ နှင့် အထက်လျှောက်ထားသည့် ချေးငွေအမှုတွဲများကို Board of Director(BOD) အဖွဲ့ကိုတင်ပြပြီး ဆုံးဖြတ်ချက်ရယူရမည်ဖြစ်ကြောင်းဒုတိယဝန်ကြီးက ပြောသည်။

ကျပ်သိန်း၂ဝဝဝ အောက် ချေးငွေအမှုတွဲများကို ချေးငွေကော်မတီမှ တစ်ပတ်တစ်ကြိမ် စိစစ် ဆုံးဖြတ်ပြီး ကျပ်သိန်း၂ဝဝဝ အထက်ချေးငွေများကို နာယကနှင့် ဒါရိုက်တာအားလုံးပါဝင်သော BOD အဖွဲ့မှ တစ်လတစ်ကြိမ်စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေသက်တမ်းကာလမှာ သုံးနှစ်ဖြစ်၍ ပမာဏကို အများဆုံးကျပ်သိန်း ၅ဝဝဝအထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်းဆုံးဖြတ်၍ ချေးငွေများကို လုပ်ငန်းရှင်များထံသို့ သုံးရက်အတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


The Union Daily 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here