တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထား ရပ်တည်ချက်မှာ အာဆီယံမှ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် ကတိက၀တ်ပြုမှုကို ကြိုဆိုသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်၍ မျက်မှောက်ခေတ် ကာလတွင် ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေကြသော်လည်း စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ၀ါဒရေးတို့အပေါ် မူတည်၍ ကမ္ဘာ့အင်အားကြီး နိုင်ငံများ အနေဖြင့် ၎င်းတို့စိတ်ဝင်စားသည့် ဒေသများတွင် အင်အားဖြန့်ကျက်မှုများ ပိုမိုများပြား လာသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများ သာမက ကမ္ဘာ့နိုင်ငံ များနှင့်ပါ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ မိမိတို့တွင် မိတ်ဆွေနိုင်ငံများသာရှိပြီး ရန်သူမရှိသကဲ့သို့ မိတ်ဆွေကိုလည်း ရန်သူမဖြစ်စေပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် လုံခြုံအောင် ကာကွယ်ရန် အဓိက တာဝန်ရှိကြောင်း၊ နိုင်ငံတော် လုံခြုံရေးအတွက် အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင
EMG