Tuesday, October 22, 2013
မြန်မာပြည်အတွက် ကန်တက္ကသိုလ် အလုပ်စွန့်သူ
Categories :
The Salween Institute for Public Policy အဖွဲ့က ဒါရိုက်တာ ဆရာစောကပီ (Credit: ABC)
22-10-2013
သောတရှင်များရှင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်လာကတည်းက အကြောင်း အမျိုးမျိုးကြောင့် မြန်မာ နိုင်ငံကိုထွက်ခွာခဲ့ပြီး ပြည်ပမှာ ရောက်ရှိနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့
မြန်မာနိုင်ငံကို ပြန်လာပြီး မိမိတို့ တတ်တဲ့ ပညာတွေကို ပြန်လည် ဖြန့်ဝေတာတွေ နိုင်ငံအတွက် အကျိုးပြုတာတွေ တဖြည်းဖြည်းများလာနေတာကို တွေ့ရပါတယ်။
တချို့ကတော့ ကိုယ်တတ်တဲ့ ပညာနဲ့ ပြည်တွင်းမှာ ကျောင်းဆရာ ဆရာမပြန်လုပ်တာတွေ၊ တချို့ ကတော့ ကျန်းမာရေးလောကမှာ ဆရာဝန်အဖြစ်နဲ့ ပြန်လည် တာဝန် ထမ်းဆောင် တာတွေတွေ့နေ ရပါတယ်။ အဲဒီလို ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့် လူမျိုးတွေအတွက် ပြန်လည် အသုံးပြုတဲ့ အခါမှာလည်း အခက်အခဲအမျိုးမျိုးတွေနဲ့ ရင်ရတာရှိသလို စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ရ ပါတယ်။
အခုတင်ပြပေးမယ့် မေးမြန်းခန်းကတော့ မြန်မာပြည်မှာ မွေးပွားခဲ့ပြီး နိုင်ငံရေးမှာ ပါဝင်လှုပ်ခဲ့တဲ့ အတွက် ပြည်ပကိုထွက်ခွာခဲ့ရပြီးတော့ အခု မိမိတတ်တဲ့ ပညာနဲ့ ပြည်တွင်းမှာ ကိုယ်ထူကိုယ်ထပြန်ပြီး ပညာဖြန့်ဝေနေတဲ့ ကရင် တိုင်းရင်းသား တစ်ယောက်အကြောင်းနဲ့ သူ့ရဲ့လုပ်ငန်းကို တင်ပြပေး မှာဖြစ်ပါတယ်။
သူကတော့ အမေရိကန်ပြည်ထောင်စုမှာ သွားရောက်နေထိုင်ခဲ့ပြီးတော့ ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်က တက္ကသိုလ်ဝင်ခွင့်ရေးရာနဲ့ မော်ဂွန်းထိန်းဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ် သလို မေရီလင်း ပြည်နယ် တက္ကသိုလ်မှာလည်း တက္ကသိုလ်ဝင်ခွင့်ရေးရာဌာနမှာ တွဲဖက်တာရိုက်တာ အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဆရာစောကပီပဲ ဖြစ်ပါတယ်။ သူကတော့အခု The Salween Institute for Public Policy အဖွဲ့ကို ထူထောင်ပြီး ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင် လုပ်ကိုင်နေပါတယ်။
radioaustralia.net
Subscribe to:
Post Comments (Atom)