Tuesday, October 22, 2013

သံတွဲမှာ မုဒိမ်းမှု ကျူးလွန်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦးကို ထောင် ၁၅နှစ်ချ

0 comments
22-10-2013

သံတွဲမှာ ပထမ တစ်ကြိမ် ဖြစ်ခဲ့တဲ့ မီးရှို့မှုတွေရဲ့ တရားခံလို့ ဆိုရ မယ့် တောင်ကုတ်မြို့က ရခိုင် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ကမန် နှစ်ဦးကို ထောင် ၁၅ နှစ်စီ ချခံရန် မနေ့က စီရင်ချက် ချလိုက်ပါတယ်။

အဲဒီနှစ်ဦးဟာ ကမန် အမည်ခံထားပေမယ့် ကမန် အစစ်လား လုပ်ကမန်လား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိ ရသေးပါ။

ဆိုင်ကယ် ကယ်ရီသမား ငပြူးဆိုတဲ့ ကမန်ဟာ တောင်ကုတ်မြို့ခံ ရခိုင် အမျိုးသမီးကို သံတွဲ ကနေ တောင်ကုတ်သို့ ပို့ပေးမယ်ဆိုပြီးတော့ မပို့ပဲ မုဒိမ်းမှုကျူးလွန်ခဲ့တာပါ။

မုဒိမ်းမှု သုံးကြိမ်ထက်မနည်းကျူးလွန်ခဲ့တယ်လို့ ရဲအစီရင်ခံစာတွေ မှာ ဖော်ပြပါတယ်။ မုဒိမ်းမှု တစ်ခု မှာတော့ သူနဲ့ ပြစ်ဒဏ်ချခံရ တဲ့ နောက်တစ်ဦး လည်း ပါဝင်ခဲ့တာပါ။

အဲဒီ မုဒိမ်းမှုတွေကို အခြေခံပြီးတော့ သံတွဲမှာ မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။

Rakhine Citizen Journalists

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here