Monday, October 21, 2013
0 comments
FROM : Eleven Media Group
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံရရန် လျာထားပြီး ဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း ၁၁ ဘီလျံကျော်သာ ရရှိ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး ဘဏ္ဍာရေးနှစ် ၀က်ကျော် ကာလတွင် ကုန်သွယ်မှု ပမာဏမှာ ၁၁ ဘီလျံကျော်သာ ရရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော ကုန်သွယ်မှု စာရင်းများအရ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ဘဏ္ဍာရေးနှစ် ခြောက် လကျော် ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈၉၇၄ ဒသမ ၈၅၉ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၄၅၉ ဒသမ ၅၅၆ သန်း ရရှိခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၄၃၄ ဒသမ ၄၁၅ သန်း( ၁၁ ဘီလျံကျော်)ရရှိခဲ့ကြောင်း သိရသည်။ ကုန်သွယ်မှုပမာဏ ၁၁ ဘီလျံကျော်တွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၄၈၇ ဒသမ ၂၂၂ သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၉၄၇ ဒသမ ၁၉၃ သန်း ရှိသောကြောင့် ပို့ကုန်ထက် သွင်းကုန်ပမာဏ များပြားနေပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄၅၉ ဒသမ ၉၇၁ သန်း ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အများဆုံး ပြုလုပ်နေပြီး နယ်စပ်ကုန်သွယ်မှု တိုးတက်စေရန် အတွက်လည်း နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်း ၁၅ ခုအထိ ဖွင့်လှစ်ကာ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှု ဆောင်ရွက်နေကြာင်း သိရသည်။ လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်း (၂၅ ဘီလျံကျော်) ရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ၂၀ ရာခိုင်နှုန်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း ကုန်သွယ်မှုပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ လုံးဝမှီခို အားထားနေ ရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး ၊ ရေထွက် ကုန် စသည်များဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ကို ရေးဆွဲ ရန် ပြင်ဆင်နေ ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here