Tuesday, October 8, 2013

သံအမတ်အကြီးဟောင်း ဦးကျော်ဇော လှူဒါန်းခဲ့သော ဂန္တ၀င်စာပေများအား စာရေးဆရာအသင်းရုံးတွင် လေ့လာနိုင်ဟုဆို

0 comments


8.10.2013

သီပေါမြို့၊ ဂန္တ၀င်စာပေအလှူရှင် သံအမတ်ကြီး ဦးကျော်ဇောမှ လှူဒါန်း ခဲ့သော ရှေးဟောင်း အဖိုးတန် ဂန္တ ၀င်စာပေများအား သီပေါမြို့၊ စာရေး ဆရာအသင်းရုံးခန်းတွင် မည်သူမဆို လာရောက် ဖတ်ရှုလေ့လာနိုင် ကြောင်း၊ ငှားရမ်းခွင့်ရရှိနိုင်မည်မဟုတ်ဘဲ အလှူရှင်၏ ဆန္ဒအရ လိုအပ်သည့် အချက် အလက်များအား ကူး ယူမှတ်သား ဖတ်ရှုလေ့လာခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ သီပေါမြို့၊ စာရေးဆရာအသင်း ဥက္ကဋ္ဌထံမှ သိရှိရ သည်။ ၎င်းအနေဖြင့် အသက်အရွယ် ကြီးမြင့်လာသည်နှင့်အမျှ ကြိုးပမ်းရှာဖွေ ထိန်းသိမ်းခဲ့သော ဂန္တ၀င် စာ ပေများအား နောင်လူငယ်များ အကျိုးအတွက် (၆.၂.၁၉၉၈) ရက်နေ့ မွန်းလွဲ (၁)နာရီ အချိန်တွင် ယင်းနေ ထိုင်ရာ အမှတ် (၁၀၁) ၊ မြတ်လေး လမ်း၊ တောင်မြို့ရပ်၊ ရပ်မိရပ်ဖများ၊ မြို့နယ်ရပ်ကွက် အာဏာပိုင် ပုဂ္ဂိုလ် များ၊ အထူးဒေသ(၃)မှ ပုဂ္ဂိုလ်များ၊ မြန်မာ၊ ရှမ်း၊ ပလောင်စာပေ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုး အသ င်း ၀င်များနှင့် ဇနီးသားသမီးများ အားလုံးအား ဖိတ်ကြားခဲ့ပြီး အဆိုပါ ဂန္တ၀င်စာအုပ် စာပေများအား လွှဲပြော င်း လှူဒါန်းပေးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

လှူဒါန်းခဲ့သော စာအုပ်စာပေများမှာ-
(၁) ပလောင်တိုင်းရင်းသားစာပေစာအုပ်ပေါင်း (၈)အုပ်
(၂) ရှမ်းတိုင်းရင်းသားစာပေစာအုပ်ပေါင်း (၄၉)အုပ်
(၃) ထိုင်းဘာသာဖြင့် ပြုစုထားသောစာအုပ် (၃)အုပ်
(၄) မြန်မာဘာသာဖြင့် ပြုစုထားသောစာအုပ်ပေါင်း (၁၅၁၇)အုပ်
(၅) အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသောစာအုပ်ပေါင်း (၃၅၉)အုပ်
စုစုပေါင်း (၁၉၃၆)အုပ်အား လှူဒါန်းခဲ့ပြီး အထောက်အကူပြုပစ္စည်းများအဖြစ် အင်္ဂလိပ် လက်နှိပ်စက် အသ စ်(၁)လုံး၊ ဓာတ်ပုံကူး အင်ဂျာလာ (၁)စုံ၊ ဓာတ်ပုံရိုက်စတင်ထောက် (၁)ခု၊ စာအုပ်ထည့် ဗီရိုကြီး (၁)လုံးနှင့် ရှေးဟောင်းခွေးတံဆိပ် ဓာတ်ပြား မျိုးစုံ(၄၁)ချပ်တို့အား လှူဒါန်းထားခဲ့ရာ သီပေါမြို့ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ တာဝန်ယူ ထိန်းသိမ်းခဲ့ပြီး ယခုအခါတွင် သီပေါမြို့၊ စာရေးဆရာ အသင်းရုံး၌ ထိန်းသိမ်းထားရှိ ပေး ထားပြီး မည်သူမဆို လွတ်လပ်စွာ လာရောက် လေ့လာကူးယူ မှတ်သားနိုင်ကြောင်း သိရသည်။

အဆိုပါ ဂန္တ၀င်စာပေ အလှူရှင် ဦးကျော်ဇောမှာ သက်ရှိထင်ရှား ရှိခဲ့စဉ် အချိန်၌ အဖိနှိပ်ခံ တောင်သူ လ ယ်သမားများ၊ ဆင်းရဲသားများဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့ပြီး ပဒေသရာဇ်စနစ် ဆန့်ကျင်ရေး၊ လောင်းကစား ၀ိုင်းများ ပပျောက်ရေးနှင့် တောင်သူလယ်သမားများဘ၀ တိုးတက်ရေးတို့ အတွက် (ရ-တ-စ-လ)ခေါ် ရှမ်းပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးအား ထူထောင်ခဲ့ပြီး ဌာနချုပ်အား သီ ပေါ၌ ထားရှိခဲ့ကာ တောင်သူ လယ်သမားများ အရေး ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။ ယင်းနောက် ၁၉ ၇၄ ခုနှစ်တွင် ရှမ်းပြည် နယ် ပြည်သူ့ ကောင်စီဝင် အဖြစ် ရွေးချယ် တင်မြောက်ခံရသည်။ ၁၉၇၅ ခုနှစ်တွင် ဖိလစ်ပိုင် သမ္မတနိုင်ငံ ဆိုင်ရာ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရသော မြန်မာသံအမတ်ကြီးအဖြစ် တာ ၀န်ပေးအပ်ခြင်း ခံခဲ့ရပြီး ၁၉၇၈ ခုနှစ်တွင် အသက်(၆၀)ပြည့် အငြိမ်းစား ယူခဲ့ပြီးနောက် လူမှုရေးနှင့် စာပေ ယဉ်ကျေးမှု တိုးတက် မြင့်မားရေးတို့ အတွက် ကြိုးပမ်းခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here