Monday, October 7, 2013

သီပေါဟော်နန်း နှင့် တော်ဝင်နွယ်အလွမ်း စာအုပ်မိတ်ဆက်ပွဲ သီပေါတွင် ကျင်းပ

0 comments


အောက်တိုဘာ(၆)

၂၀၁၃ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့ ၊ မွန်းလွဲပိုင်း (၁း၀၀)နာရီတွင် သီပေါမြို့ ၊မြို့ လယ်ရပ်၊သြဘာလမ်း ရှိ မြတ်ရတနာဟိုတယ်ခန်းမ တွင် စာရေးဆရာ/သတင်းစာဆရာ ‘သီပေါကိုလတ်’ ၏ ‘သီပေါဟော်နန်း နှင့် တော်ဝင် နွယ်အလွမ်း’ စာအုပ် မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့  သီပေါမြို့ နယ်အုပ်ချုပ်ရေးမှူး၊မြို့ နယ်အထောက်အကူပြုကော်မတီဥက္ကဌ၊ ရှမ်း/မြောက်သတင်း စာဆရာများကွန်ရက်မှ သတင်းစာဆရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ (၂၅)ဦးခန့် တက်ရောက်ခဲ့ သည်။

တက်ရောက်လာကြသော ဧည့်သည်တော်များက ‘သီပေါဟော်နန်းနှင့်တော်ဝင်နွယ်အလွမ်း’ စာအုပ် ဒုတိယအကြိမ် ထုတ်ဝေခြင်းကို ကြိုဆိုလက်ခံ မုဒိတာစကားများ ပြောကြားခဲ့ပြီး ဆရာ သီပေါကိုလတ် က ဧည့်ပရိတ်သတ်များ မေးမြန်းသည်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းပြခဲ့ကာ အခမ်းအနားကို (၂း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သီပေါဟော်နန်း နှင့် တော်ဝင်နွယ်အလွမ်း’ သည် သီပေါမြို့ သမိုင်း၊ သီပေါဟော်နန်း နှင့် ရှမ်းစော်ဘွားတို့ ၏ ဘ၀ ပုံရိပ်များ၊ အတုယူစရာများကို ထင်ဟပ်ဖော်ပြသည့်အတွက် မျိုးဆက်သစ်လူငယ်များ ဖတ်သင့်သည့်စာအုပ်ဖြစ် ကြောင်း၊ သီပေါသားစာရေးဆရာ တစ်ဦး ရေးသားသည့် စာအုပ်မိတ်ဆက်ပွဲအခမ်းအနား မှာ နှစ် (၅၀) အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်တစ်ဦးက ပြောသည်။

သမန်းကျား
(09-52-323461)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here