Wednesday, October 2, 2013

မျှစ်ချဉ်ကင်ပေါင်းကြော်

0 comments

Wednesday, October 2, 2013

ကင်ပေါင်းကြော်(သို.)အင်းလေးကင်ပေါင်းကြော်ပာု ခေါ်ကြပါတယ်..ရှမ်းပြည်တောင်ပိုင်းအစားစာလေးပါ.
ဝါဆိုနဲ. သီတင်းကျွတ်တွေမှာ ကြော်လေ.ရှိပါတယ်..သက်သတ်လွတ်စားသူများ ၀က်သားမထည်.ပဲကြော်စားနိုင်သလို ..မျှစ်ချဉ်မကြိုက်သူများ ခရမ်းချဉ်သီးထည်.ကြော်နိုင်ပါတယ်ရှင်..

ကျွန်မကတော.၀က်သားကင်ပေါင်းကြော်ကို မျှစ်ချဉ်နဲ.ကြော်ထားပါတယ်..

အကြော်မုန်. – 100 g
ကြက်သွန်ပင် - 200g
ဝက်သားပြုတ်ကြော် - 100g
မျှစ်ချဉ်- 50g (သို.) ခရမ်းချဉ်သီးမှည်.တစ်လုံး
ကြက်သွန်ဖြူ၊ဂျင်း၊ ဆား၊ အရသာမုန်. အနဲငယ်စီ

အကြော်မုန်. ကို ဆား၊ အရသာမုန်နှင့် ကြက်သွန်ဖြူနှင့်ဂျင်း အနဲငယ်စီထောင်း ထည်.ပြီး ရေအနဲငယ်ထည်.ကာ ခပ်ပျစ်ပျစ်ဖျော်ပြီး ရေစင်အောင်ဆေး ကာ တစ်လက်မခန်.ဖြတ်ထားသောကြက်သွန်ပင် ၊ပါးပါးလှီးထားသော ၀က်သားပြုတ်ကြော် နှင့်
ပြုတ်ပြီး ခပ်သေးသေးလေးလှီးထားသောမျှစ်ချဉ် ( သို.) ပါးပါးလှီးထားခရမ်းချဉ်သီး တို.ကိုသမအောင်မွေပြီးထမင်းစားဇွန်းတဇွန်းထဲတွင် တစ်ခုစာစီထည်.ကာ ဆီပူပူတွင်ထည်

.ကြော်ပြီးသုံးဆောင်နိုင်ပါပြီရှင်၊

အရောင်ကြိုက်သောသူများအတွက်သမအောင်မွေသည်အချိန် နနွင်းနှင့် ငရုပ်အရောင်တင် အနဲငယ်စီထည်.နိုင်ပါတယ်ရှင်

Myanmar Foods & Other

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here