ရန်ကုန် ၊ အောက်တိုဘာ ၁၃
မြန်မာ နိုင်ငံတွင် ကမ္ဘာ့ရှားပါး သယံဇာတ တစ်ခုဖြစ်သည့် စိမ်းပြာရေညှိထုတ် လုပ်နိုင်မှုမှာ ၇၅ရာခိုင်နှုန်းအထိ လျော့ကျသွားသည့်အပေါ် ပညာ ရှင်များက ဝိုင်းဝန်းအဖြေရှာလျက် ရှိကြောင်း သိရသည်။
ယင်းစိမ်းပြာရေညှိမှာ မြန်မာ နိုင်ငံအပါအဝင် မက္ကဆီကို၊ ကင် ညာ၊ အီသီယိုပီးယား၊ တရုတ်နှင့် ချဒ်နိုင်ငံတို့တွင်တွေ့ရှိရပြီ
အမှတ်(၃)ဆေးဝါးလုပ်ငန်းစက်ရုံ(စ
ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်တစ်ဦးက ''သယံဇာတ ဆိုရင် သစ်တော၊ သတ္တုတွေကိုပဲ မြင်ကြပါတယ်။ စိမ်းပြာရေညှိ ကို ဆိုရင် ရှိမှန်းလဲမသိကြပါဘူး။ ထိန်း သိမ်းရကောင်းမှန်းလဲ မသိကြပါ ဘူး။ ရှားပါးသယံဇာတဖြစ်တဲ့အ တွက် ထိန်းသိမ်းသင့်ပါတယ်''ဟု ပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် စက်မှုဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဓာ တုဗေဒပညာရှင် ဒေါက်တာမောင် ဒီ၊ မိုးလေဝသနှင့် ဇလဗေဒပညာ ရှင် ဒေါက်တာထွန်းလွင်၊ သစ်တော ပညာရှင်ဦးအုန်းနှင့် တက်ရောက် လာသည့်ပညာရှင်များက ရှုထောင့် ပေါင်းစုံ မှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
YMG