Wednesday, October 30, 2013

သက်တန့်ရောင် သမဝါယမ အသင်းမှ ဆောင်းသီးနှံ စိုက်ပျိုးရေး စရိတ်ထုတ်ပေး

0 comments


စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင် ခရိုင် ၊ ယင်းမာပင်မြို့ ၊ မြို့နယ် သမဝါယမ ဦးစီးဌာန၌ အောက်တို ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီက သက်တန့်ရောင် သမဝါယမ အသင်းမှ တောင်သူများ အား ဆောင်းသီးနှံ စရိတ် ထုတ်ချေးခြင်း အခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ မြို့နယ် သမဝါယမ ဦးစီး အရာရှိ နှင့် ဝန်ထမ်းများ ၊ ကျေးရွာ သမဝါယမ အသင်းစု ဥက္ကဌများ နှင့် အသင်းသားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဆောင်းသီးနှံ စရိတ် ထုတ်ချေးပွဲ နှင့် ပတ်သက်၍ ယင်းမာပင် မြို့နယ် ၊ ဗြဟ္မဒတ် ကျေးရွာမှ တောင်သူ တစ်ဦးက " တောင်သူများ အနေဖြင့် ကိုယ်ကြိုက် နှစ်သက်ရာ စိုက်ပျိုး ကြသည့် မတ်ပဲ ၊ ပန်းနှမ်း ၊ နေကြာ ၊ မြေပဲ ၊ စပါး ၊ ဂျူံ ၊ ကုလားပဲ စသည့် သီးနှံများကို နှစ်စဉ် ဆောင်းရာသီမှာ စိုက်ပျိုး ရသဖြင့် စိုက်ပျိုးချိန် အမီ ယခုလို ချေးငွေများ ထုတ်ယူခွင့် ရရှိကြတဲ့ အတွက် တာဝန်ရှိ သူများ အားလုံးကို ကျေးဇူးတင် ရှိပါတယ် . . . "ဟု ပြောကြား ခဲ့သည်။

အဆိုပါ ဆောင်းသီးနှံ စရိတ် ထုတ်ပေးပွဲတွင် တောင်သူ တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၁၆၃) သိန်းကျော်အား ယင်းမာပင် မြို့နယ် အတွင်းမှ ကျေးရွာပေါင်း (၁၆)ရွာရှိ အသင်းသား ပေါင်း(၁၂၉၁) ဦးအတွက် ထုတ်ချေး ပေးခဲ့ကြောင်း သိရှိရသည်။


YM

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here