Tuesday, October 1, 2013

တရုတ်ပြည်မှာ ဘဏ်ကို ဓါးပြ၀င်တိုက်....

0 comments


1.10.2013

တရုတ်ပြည် မှာ ဘဏ်ကိုဓါးပြဝင် တိုက်သည်။ဓါးပြက“အားလုံးမလှုပ်နဲ့၊ ပိုက်ဆံကအစိုးရဟာ၊ အသက်က


 မင်းတို့ဟာ။ ”ဟု တရားသဘောဆန်ဆန် အော်လိုက်သည်။

ဘဏ်ဝန်ထမ်း အားလုံး ငြိမ်သက်စွာဝမ်းလျားမှောက်ကုန်၏။

ဓါးပြက မှောက်လျက် ဝပ်နေသော ဘဏ်စာရေးမလေးကို တချက်လှမ်းကြည့်ရင်း


” အမြင်မတော်ကွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါဓါးပြတိုက်တာ၊ မုဒိမ်းလာကျင့်တာ မဟုတ်ဘူး။ ”

နောက် ငွေ တွေ သိမ်းပြီးဓါးပြများ ထွက်ပြေးကြ၏

အိမ်ပြန်ရောက်ပြီးနောက်၊ ဘွဲ့ရဓါးပြပေါက်စ လေးက

” ဆရာ… တိုက် လို့်ရတဲ့ ပိုက်ဆံတွေ ရေ လိုက် ရ အောင်။ ”

မူလတန်းသာအောင်သော ဓါးပြဗိုလ် ကပြန်ပြောသည်

“တော်တော်နုံတဲ့ကောင်၊ ဒီလောက်များတဲ့ဥစ္စာ ဘယ်အချိန်ထိ ရေတွက်နေမှာလဲ၊ ဒီညTV 


သတင်း စောင့်နားထောင်ကြည့်ရင် သိရောပေါ့။ ”

ဓါးပြများထွက်သွားပြီးနောက် ဘဏ်ဥက္ကဌက


” သွား…မြန်မြန်ရဲသွားတိုင်စမ်း''ဘဏ် မန်နေဂျာကို ခိုင်းလိုက်သည်

ဘဏ်မန်နေဂျာ ရဲစခန်းမသွားခင် ဘဏ်ဥက္ကဌ ကတိုးတိုးလေးကပ်မှာသည်

” နေအုံး…တလောတုန်းက ငါတို့အလွဲသုံးစားလုပ်ထားတဲ့ သန်း ၅၀ ပါတခါထဲ ပေါင်းထည့်လိုက်ကွာ ”

ဘဏ်မန်နေဂျာက အဓိပ္ပါယ်ပါပါ တချက်ခိုးပြုံးကာ ဆက်ပြောလိုက်သည်မှာ


” တလတခါလောက် လာတိုက်ရင် သိပ်ကောင်းမှာပဲ…”

နောက်တနေ့… သတင်းတွင်ဘဏ်ယွမ်ငွေ သန်း ၇၀ ဓါးပြတိုက်ခံရကြောင်း ပါလာလေသည်။

ဓါးပြတွေ အဖန်တလဲလဲ ရေတွက်ကြည့်သော်လည်း သန်း ၂၀ မျှသာရှိသည်။

ဓါးပြဗိုလ် အော်ဆဲတော့သည်


” တောက်…ငါအသက်ကိုဖက်နဲ့ထုတ်ပြီး တိုက်တာတောင် မှ သန်း ၂၀ ပဲရတယ် ဘဏ်ဥက္ကဌက 


ပါးစပ်ဖျားလေးလှုပ်လိုက်ရုံနဲ့ သန်း ၅၀ အမြတ်ပေါ်သွားပြီ။

ပျော်ရွှင်နိုင်ပါစေ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here