Tuesday, October 1, 2013

ဦးရေပြား ယားယံခြင်း အတွက် လွယ်ကူ သက်သာ နည်းလမ်း များ

0 comments


1.10.2013

ဦးရေပြား ယားယံခြင်း ဟာ ဗောက်ထ ခြင်း ကြောင့် အဓိက ဖြစ်ရပါ တယ်။ ဆိုးရွား ပြင်းထန် တဲ့ အခြေ အနေ မှာ ဆိုရင် နာကျင် ခြင်း၊ အကွက် များ ပေါ်ခြင်း နဲ့ ပူလောင် တဲ့ ခံစားမှု တွေ ကိုပါ ဦးရေပြား မှာ ကြုံတွေ့ ရနိုင် ပါတယ်။ သက်သာ စေမယ့် နည်း လမ်း တချို့ကို ပြောပြ ပေး ပါ့မယ်။

၁။ ရနံ့သင်း တဲ့ အလှဆီ ကိုသုံးပါ

ဒီ aroma oil တွေကို ရနံ့ ကုထုံး အတွက် သာမက ဘဲ ဦးရေပြား အတွက် လည်း သုံးလို့ ရပါတယ်။ လာဗင် ဒါရနံ့၊ လက်ဖက် ရနံ့၊ အုန်းသီး ရနံ့၊ သံလွင်ဆီ စသဖြင့် အမျိုးမျိုး ရှိပါ တယ်။ သတိပြု ရမှာ ကတော့ ရနံ့ဆီ ကို ရေနဲ့ ရောပြီး သာ အသုံးပြု ရပါမယ်။ ပြီးရင် ဦးရေပြား ကို အဲဒီ ရနံ့အဆီ ကို အသုံးပြု ပြီး နှိပ်နယ် ပေးခြင်း ဟာ ဘက်တီးရီးယား နဲ့ မှို ပိုးတွေ ကို ကာကွယ် ပေးပြီး ဦးရေ ပြား ယားယံခြင်း ကို သက်သာ စေ ပါတယ်။

၂။ လီမွန်သီးကို အသုံးပြုပါ

ခေါင်း မလျှော်ခင် လီမွန်သီး တစ်လုံး ကို အရည် ညှစ်ပြီး ဦးရေပြား ကို သုတ်လိမ်း ပေးရင် ဗော က် ထခြင်း ကို တားဆီး ပေး ပါတယ်။ တကယ် လို့ ဦးရေပြား ခြောက်သွေ့ နေတယ် ဆိုရင်တော့ လီ မွန်သီး အရည် ထဲမှာ ဒိန်ချဉ် လက်ဖက်စား ဇွန်း လေးငါး ဇွန်း လောက် ထည့်ပြီး သုတ်လိမ်း ပေး ပြီးမှ ခေါင်းလျှော် ပေးပါ။

၃။ ပန်းသီးဝိုင်

ပန်းသီး နဲ့  ပြုလုပ် ထားတဲ့ ဗီနီဂါ သို့မဟုတ် ၀ိုင်ဟာ ဦးရေပြား ကို ရောင်ရမ်း ခြင်း ကနေ သက် သာ စေပြီး ဦးရေပြား ယားယံခြင်း ကို ကာကွယ် ပေးပါတယ်။ ရေငါးဆ၊ ပန်းသီး ဗီနီဂါ သို့ ၀ိုင် တစ် ဆ ကို ရောထား တဲ့ အရည် ကို ဦးရေပြား ကို သုတ်လိမ်း ပေးပါ။ ၁၅ မိနစ် လောက် ကြာရင် ရေ သန့်သန့် နဲ့ ဆေးချ ပေးပါ။ ဒါဆိုရင် ဆံပင် ကျွတ်ခြင်း ကိုလည်း ကာကွယ် နိုင် ပါပြီ။

၎။ ရှားစောင်း လက်ပတ် အမှုန့်

ဦးရေပြား နေလောင် ခြင်း၊ အဖု ပေါက် ခြင်းတွေ အတွက် ကတော့ ရှားစောင်း လက်ပတ် ပေါင်ဒါ မှုန့် ကို ဦးရေ ပြား ကို လိမ်းပေး ပါ။ ပေါင်ဒါ မရ လည်း ဂျယ်လ် ကို အသုံးပြု နိုင် ပါတယ်။ ဘက် တီးရီးယား တွေ ဦးရေပြား ကို ခိုအောင်း နေတာ ကို ကာကွယ် ပေးတဲ့ အပြင် အေးမြ တဲ့ ရှားစောင်း လက်ပတ် ဟာ ဦးရေပြား ပူလောင်ခြင်း ကို သက် သာ စေပါ တယ်။

သက်ကို
Health Updates Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here