Tuesday, October 29, 2013

မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံ ထိပ်ဆုံးမှရပ်တည်

0 comments
29.10.2013

တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံအတွင်းရှိ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံ သူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၄၃ ဒသမ ၇၃၅ ဘီလီယံ၏ ၃၂ ရာခိုင်နှုန်းဖြစ်သော ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ထားသည် ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှရရှိသည့် စာရင်းဇယား များတွင် ဖော်ပြထားသည်။

ထို့အပြင် ယခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပါဝင်သော ၎င်းစာရင်းဇယားများတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားခြင်း ခံရသည့် ကဏ္ဍမှာ လျပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပြီး ကန်ဒေါ်လာ ၁၉ ဘီလီယံကျော်ရှိသည်။ ယင်းပမာဏမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၄၄ ရာခိုင်နှုန်းနီးပါး ဖြစ်သည်။

၎င်းစာရင်းဇယားများတွင် နိုင်ငံအလိုက်ဖော်ပြရာ၌ တရုတ်နိုင်ငံမှာ အမျာဆုံးဖြစ်နေပြီး ထိုင်းနိုင်ငံမှာ ၉ ဒသမ ၉၈၄ ဘီလီယံခန့်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ထိုင်းနိုင်ငံအပြီးတွင် ဟောင်ကောင်မှာ ၆ ဒသမ ၄၅၈ ဘီလီယံ (၁၄ဒသမ၇၇ ရာခိုင်နှုန်း) ဗြိတိန်နိုင်ငံမှာ ၃ ဒသမ ၀၅၅ ဘီလီယံ (၇ ရာခိုင်နှုန်းနီး ပါး) တောင်ကိုရီးယားမှ ၃ ဒသမ ၀၄၄ ဘီလီယံ (၆ ဒသမ ၉၆ ရာခိုင်နှုန်း) စင်ကာပူနိုင်ငံမှ ၂ ဒသမ ၄၃၇ ဘီလီယံ (၅ ဒသမ ၅၇ ရာခိုင်နှုန်းနှင့်) မလေးရှားနိုင်ငံမှ ၁ ဒသမ ၆၂၅ ဘီလီယံ (၃ ဒသမ ၇၂) ရာခိုင် နှုန်းတို့ဖြင့် အစဉ်လိုက်အသီးသီးရပ်တည်လျက်ရှိသည်။

တရုတ်နိုင်ငံအတွင်းမှ လုပ်ငန်းပေါင်း ၅၁ ခုအား လုပ်ပိုင်ခွင့်ချပေး ထားပြီး ထိုင်းနိုင်ငံမှ ၆၉ ခု၊ ဟောင်ကောင်မှ ၆၁ ခု၊ ဗြိတိန်မှ ၆၂ ခု၊ တောင်ကိုရီးယားမှ ၈၄ ခု၊ စင်ကာပူမှ ၉၄ ခုနှင့် မလေးရှားနိုင်ငံတို့မှာ ၄၆ ကို လည်း အတည်ပြုပေးခဲ့ပြီးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှာမူ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်ခွင့်ပေး ထားသည့် နိုင်ငံများစာရင်း၌ လုပ်ငန်းပေါင်း ၁၅ ခုဖြင့် အဆင့် ၁၃ တွင် ရပ်တည်လျက်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၄၃ သန်းခန့်ရှိသည်။

စာရင်းအတွင်း ပါဝင်သော အခြားနိုင်ငံ ၁၇ နိုင်ငံတွင် ဗီယက်နမ် ၊ ပြင်သစ်၊ အိနိ္ဒယ၊ ဂျပန်၊ ရုရှ၊ အင်ဒိုနီးရှား၊ လိုက်ဘေးရီးယား ဖိလစ်ပိုင်၊ သြစတေးလျ၊ ဂျာမဏီနှင့် ကနေဒါ နိုင်ငံတို့ ပါဝင်သည်။

အတည်ပြုထားသည့် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် လျပ်စစ် ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍနောက်၌ ရေနံနှင့်သဘာဝ ဓာတ်ငွေ့မှ ၁၄ ဒသမ ၃၇၂ ဘီလီယံ (၃၂ ဒသမ ၈၆ ရာခိုင်နှုန်း) သတ္တု တူးဖော်ရေးမှာ ၂ ဒသမ ၈၃၃ ဘီလီယံ (၆ ဒသမ ၄၈ ရာခိုင်နှုန်း) ကုန်ထုတ်လုပ်ရေးမှ ၃ ဒသမ ၄၄၁ ဘီလီယံ (၇ ဒသမ ၈၇ ရာခိုင်နှုန်း) ဟိုတယ်နှင့် ခရီးသွားလာရေးမှ ၁ ဒသမ ၅၉၅ ဘီလီယံ (၃ ဒသမ ၆၅ ရာခိုင်နှုန်း)နှင့် အိမ်ခြံမြေလုပ်ငန်းမှ ၁ ဒသမ ၁၂၉ ဘီလီယံ (၂ ဒသမ ၅၈ ရာခိုင်နှုန်း) စီ အသီးသီးရှိသည်ဟု ၎င်းစာရင်းဇယား တွင် ဖော်ပြ ထားသည်။

အခြားကဏ္ဍာခြောက်ခုမှာ စက်မှုဇုန်၊ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်း၊ အခြားဝန်ဆောင်မှုများဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၁ ဒသမ ၁၂၆ ဘီလီယံခန့်ရှိသည်။

အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် ပမာဏစာရင်းတွင်လည်း တရုတ်နိုင်ငံမှ ၁၄ ဒသမ ၁၁၅ ဘီလီယံခန့် သို့မဟုတ် စုစုပေါင်း အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃၃ ဒသမ ၆၇၁ ဘီလီယံ၏ ၄၂ ရာခိုင်နှုန်းနီးပါးဖြင့် ဦးဆောင်လျှက်ရှိသည်။

သို့သော် ကဏ္ဍအလိုက် အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် စာရင်း၌ရေနံနှင့် သဘာဝဓာတ် ငွေ့မှာ ၁၃ ဒသမ ၆၃၀ ဘီလီယံခန့် သို့မဟုတ် စုစုပေါင်းပမာဏ၏ ၄၀ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှာ ၁၃ ဒသမ၂၀၇ ဘီလီယံ (၃၉ ဒသမ ၂၃ ရာခိုင်နှုန်း) ဖြင့် ဒုတိယနေရာ၊ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ ၂ ဒသမ ၃၀၈ ဘီလီယံ (၆ ဒသမ ၆၈ ရာခိုင်နှုန်း) ဖြင့် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။

ဟောင်ကောင်မှာ အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုပြုလုပ် သည့် နိုင်ငံ/ဒေသများ စာရင်းတွင် တရုတ်နိုင်ငံ နောက်၌ ဒုတိယနေရာတွင် ကန်ဒေါ်လာ ၆ ဒသမ ၃၆၅ ဘီလီယံ (၁၈ ဒသမ ၉၁ ရာခိုင်နှုန်း)၊ တောင်ကို ရီးယားနိုင်ငံမှာ တတိယနေရာတွင် ကန်ဒေါ်လာ ၂ ဒသမ ၉၇၃ ဘီလီယံ (၈ ဒသမ ၈၃ ရာခိုင်နှုန်း) ဖြင့် ရပ်တည်လျက်ရှိသည်။

ထိုင်းနိုင်ငံမှာမူ ကန်ဒေါ်လာ ၂ ဒသမ ၈၇၆ ဘီလီယံ (၈ ဒသမ ၅၄ ရာခိုင်နှုန်း) ဖြင့် စတုတ္ထနေရာတွင် ရပ် တည်လျက်ရှိပြီး၊ ၎င်းနောက်တွင် ဗြိတိန်နိုင်ငံမှာ ကန်ဒေါ်လာ ၂ ဒသမ ၅၀၃ ဘီလီယံ (၇ ဒသမ ၄၃ ရာခိုင်နှုန်း)၊ စင်ကာပူနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၀၀ ဘီလီယံ (၆ ဒသမ၂၄ ရာခိုင်နှုန်း) မလေးရှားနိုင်ငံမှ ကန်ဒေါ်လာ ၁ ဒသမ ၀၂၈ ဘီလီယံ (၃ ဒသမ ၀၅ ရာခိုင်နှုန်း) ဗီယက်နမ်နိုင်ငံမှာ ကန် ဒေါ်လာ ၅၁၁ သန်းဖြင့် (၁ ဒသမ ၅၁ ရာခှိုင်နှုန်း) တို့ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် လုပ်ငန်းများစာရင်းတွင် တရုတ်နိုင်ငံမှ ၃၁ ခုဖြင့်ရှိပြီး ဟောင်ကောင်မှ ၄၄ ခု၊ တောင်ကိုရီးယားမှာ ၇၁ ခု၊ ထိုင်းနိုင်ငံမှ ၃၃ ခု၊ ဗြိတိန်မှာ ၃၀ ခု၊ စင် ကာပူမှ ၅၈ ခုနှင့် မလေးရှားနိုင်ငံမှ ၁၉ ခုတို့ဖြင့် အသီးသီးရှိသည်။

ကဏ္ဍအလိုက် အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု၏ စတုတ္ထနေရာတွင် ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ ၂ ဒသမ ၂၃၈ ဘီလီယံ (၆ ဒသမ ၆၅ ရာခိုင်နှုန်း)ရှိပြီး ယင်းနောက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၃၄၄ ဘီလီယံ (၃ ဒသမ ၉၉ ရာခိုင်နှုန်း)၊ အိမ်ခြံမြေလုပ်ငန်းမှ ကန်ဒေါ်လာ ၃၄၇ ဘီလီယံ (၁ ဒသမ ၀၃ ရာခိုင်နှုန်း)၊ စက်မှုဇုံတည်ဆောက်ရေးမှ ကန်ဒေါ်လာ ၁၇၉ မီလီယံ (၀ ဒသမ ၅၃ ရာခိုင်နှုန်း)နှင့် စိုက်ပျိုးရေးလုပ်ငန်းမှ ၁၆၃ သန်း (၀ ဒသမ ၄၈ ရာခိုင်နှုန်း) စီဖြင့် အစဉ်လိုက်ရပ်တည် လျက်ရှိသည်။

ထို့နောက်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးမှ ကန်ဒေါ်လာ ၁၃၇ သန်း (၀ ဒသမ ၄၁ ရာခိုင် နှုန်း) မွေးမြူရေးနှင့် ရေလုပ်ငန်းမှ ကန်ဒေါ်လာ ၈၈ သန်း (၀ ဒသမ ၂၆ ရာခိုင်နှုန်း)နှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများမှ ကန်ဒေါ်လာ ၂၅ သန်း (၀ ဒသမ ၈၈ ရာခိုင်နှုန်း) စီ အသီသီးရှိသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် စာရင်းဇယား များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၆၄ ခုခန့်ရှိပြီး ယင်းနောက်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ် ငန်းတွင် ငါးခု၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွင် ၁၀ ခု၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွင် ၁၉၇ ခုနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းတွင် ၃၄ ခုစီ အသီသီးရှိသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here