Thursday, October 31, 2013
ဂတ်စ်မီးဖိုမှ ဂတ်စ်များဖြာထွက်ရာမှ မီးလောင် နှစ်ဦးဒဏ်ရာရ
Categories :
31.10.2013
သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက် မလိခအိမ်ရာ ရတနာလမ်းရှိ အမှတ် B4(12) ရေသူမအပြုံး KTV
မီးဖိုချောင်ခန်းတွင် ဂတ်စ်မီးဖိုဖြင့် ချက်ပြုတ်နေရာမှ ဂတ်စ်များ ဖြာထွက်ကာ မီိးလောင်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲမှူးကြီး ဦးမြင့်အေး က ပြောကြားသည်။အောက်တိုဘာလ ၃၀ရက်နေ့ ည၇နာရီ ၃၅မိနစ်ခန့်တွင်ရေသူမ အပြုံး KTVမီးဖိုခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းကြောင့် အကြော်ဆရာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး စံပြဆေးရုံသို့ တင်လိုက်ရကြောင်း ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ခုနှစ်သောင်း ၀န်းကျင်ခန့် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ "ဖြစ်တဲ့အချိန်ကိုတော့ မသိပေမယ့် ကိုယ့်နားမှာလောင်တာဆိုတော့ အိမ်အတွက်တော့ စိုးရိမ် လို့ ရေတွေ ပတ်ပြီး ပြင်ဆင်ရင်းနဲ့ အခြေအနေ လာကြည့်တာပါ"ဟုသင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောကြားသည်။
မီးသတ်ကားအစီးရေ ၂၀ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၇နာရီမိနစ် ၅၀ အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၈နာရီ ၂၀မိနစ်ခန့်တွင် အပြီးသတ်နိုင်ခဲ့ ကြောင်း၊ Mandalay Star ဂတ်စ် အိုးရောင်းဝယ်ရေး ကုမ္ပဏီတွင်းသို့ မီးမကူးစက်စေရန်တောင်ဥက္ကလာမြု့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များကဆက်လက် လုပ်ဆောင်ခဲ့ပြီး နံဘေးရှိအခန်းတွဲလျက်ဖြစ်သော မာရီစတုပ် သားဆက်ခြားဆေးခန်း ၏ နောက်ခန်း မှ ဆေးထည့်သော စက္ကူသေတပုံးများလောင်ကျွမ်းခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အရန်မီးသတ် တပ်ဖွဲ့မှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်က ပြောကြားသည်။
People Power
Subscribe to:
Post Comments (Atom)