Wednesday, October 2, 2013

ကမ္ဘာ့ အဆိပ်ပြင်း ဆုံး ရေဘဝဲ

0 comments

အပြာရောင် အကွင်း အကွင်း လေး တွေ ပါရှိတဲ့ အတွက် သူ့ကို အင်္ဂလိပ် လို Blue - ringed octopus လို့ခေါ် ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပို အတွေ့များပါတယ်။ သန္တာေ ကျာက် တန်းတွေ ကြား ထဲမှာ နေထိုင် တတ် ပါတယ်။ ကမ္ဘာ့ အဆိပ် အပြင်းဆုံး သတ္တဝါ စာရင်း ထဲမှာ သူ လည်း ပါဝင်ပါတယ်။ သူ့ အဆိပ် က အိမ်မှာ သုံးတဲ့ ပိုး သတ်ဆေး ဆိုင်ယာနိုက် ထက် အ ဆ ၁သောင်း မက ပြင်း ပါတယ်။ သူ ကိုက် လို့ အဆိပ်မိ သွားရင် ဖြေဆေး မရှိပါဘူး။ အပြာ ကွက် ရေဘဝဲ ကို မသိလို့ စားမိရင် လည်း သေဖို့ပဲ ရှိပါတယ်။ ဒီ အတွက် ဖြေဆေး ကို ယနေ့တိုင် ရှာဖွေ နေဆဲ ဖြစ်ပါတယ်။ သန္တာ ကျောက် တန်း လေ့လာ သူများ အတွက် အထူး သတိထားရ တဲ့ ရေအောက် သတ္တဝါ စာရင်း ထဲမှာ ပါဝင် ပါတယ်။ ဘာလို့လဲ ဆို အရောင်က တစ် လက်လက် နဲ့ လှ နေတတ်ပြီး အရွယ် ကလည်း ၆ လက်မ ထက် ပိုမကြီး ပါဘူး။ သေး လည်းသေး ဆိုတော့ မသိတဲ့ သူများ က သွားထိမိ ကြ ပါတယ်။ ဒီတော့ ရလဒ် က အဆိပ် သင့်သေ ဖို့ပဲ ဖြစ်ပါတယ်။ အဆိပ် မိ ပြီး မိနစ်ပိုင်း အတွင်း အသက်ရှု ရပ် ပါတယ်။ နှလုံးခုန် ရပ်ပါတယ်။ ဦးနှောက် သို့ အောက်ဆီဂျင် မရောက် တော့ပဲ မိနစ်ပိုင်း အတွင်း ကို သေနိုင် ပါတယ်။ ဂျပန် နိုင်ငံမှာ ဆိုရင် အပြာကွက် ရေဘဝဲ ကို ရှောင်ရှား ဖို့ တားမြစ်ချက် များ ထုတ်ပြန် ထားရပါတယ်။ ဒါကြောင့် Blue-ringed octopus ကို ကမ္ဘာ့ အဆိပ် အပြင်း ဆုံး သက်ရှိ သတ္တဝါ အဖြစ် မှတ်တမ်း တင် ထားကြောင်း သိရ ပါတယ်။

ရိုးရာလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here