Wednesday, October 2, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့်ကျောက်ဖြူမြို့တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား

0 comments
2.10.2013

ရခိုင်ပြည်နယ်စစ်တွေမြို့၌ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်သည် ယနေ့နံနက်(၈)နာရီတွင် စစ်တွေမြို့ ဗန္ဓုလရိပ်သာ ဧည့်ခန်းမ၌ စစ်တွေမြို့မှ ရခိုင် တိုင်းရင်းသား မြို့မိမြို့ဖများ၊ အစ္စလမ် လူမှုရေးခေါင်းဆောင်များအား သီးခြားစီတွေ့ ဆုံ၍ ဒေသ တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်း များဖွင့်လှစ်၍ ဒုက္ခသည်များအား စနစ်တကျ နေရာချထားပေးနေမှုနှင့် မြို့တည်ငြိမ်အေးချမ်းလာမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုသည်။ ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်တွေ့ ဆုံသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ၊ ပြန်လည် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှု၊ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထား မှုနှင့် အမိုးအကာေ အာက်ရောက်ရှိရေး အတွက် နေအိမ် တန်းလျားများ တည်ဆောက် ပြီးစီးမှု၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှုအခြေ အနေများကို ရှင်းလင်း တင်ပြပြီး နိုင်ငံတော် သမ္မတက ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသခံ ပြည်သူ များ၏ လူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် သင့်သည် များကို လမ်းညွှန်မှာကြားသည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း ၊ရေ ၊ လေ )နှင့် ဒုတိယဝန် ကြီးများနှင့်အတူ မွန်းလွဲပိုင်းတွင် အထူးလေ ယာဉ်ဖြင့် ကျောက်ဖြူမြို့သို့ ရောက်ရှိသည်။ ထို့နောက် လေဆိပ် ဧည့်ခန်းမ၌ ကျောက်ဖြူမြို့ ဖွံ့ဖြိုး တိုး တက် မှု အထောက် အကူပြု ကော်မတီဝင်များ၊  မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဝင်များနှင့် မြို့မိမြို့ဖများ အား တွေ့ဆုံ၍နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ် ချုပ်ရေး ပြုပြင်ပြောင်း လဲမှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ ပြည်သူဗဟိုပြုအုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးနေမှုနှင့် ကျောက်ဖြူဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများချမှတ် ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းပြော ကြားပြီး ကျောက်ဖြူမြို့ အတွင်း မော်တော်ယာဉ်ဖြင့်  လှည့်လည်ကြည့်ရှု သည်။ နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များ သည် ကျောက်ဖြူမြို့မှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ ခဲ့ရာ ညနေပိုင်း တွင် သံတွဲမြို့သို့ရောက်ရှိ သည်။

သတင်းနှင်.စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here