Tuesday, October 15, 2013

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဆန္ဒပြမှုများကြောင့် လုံခြုံရေးတင်းကျပ်

0 comments

Tuesday, October 15, 2013

ရုရှားနိုင်ငံ မော်စကိုမြို့တောင်ပိုင်း တွင်ဖြစ်ပွားနေသည့် ဆူပူအုံကြွမှုများ တွင် ဦးဆောင်သူ ၂ဝဝ ကျော်ခန့်အား အောက်တိုဘာ ၁၃ ရက်က ထိန်းသိမ်းထားခဲ့ပြီး မြို့တွင်း၌ရဲတပ်ဖွဲ့လုံခြုံရေး အင်အားတိုးမြှင့် ချထားကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။

အဆိုပါ ဆန္ဒပြမှုသည် ပြီးခဲ့သော အောက်တိုဘာ ၉ ရက်က အသက် ၂၅ နှစ်အရွယ် ယီဂေါရှချာ ဘာခေါ့ဗ်အမည်ရှိ ရုရှားလူငယ်တစ်ဦး က ၎င်း၏မိန်းကလေး သူငယ်ချင်းနှင့် အတူရှိနေစဉ် အမည်မသိသူတစ်ဦးနှင့် အငြင်းပွား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ချွန်ထက်သော အရာဖြင့် အထိုးခံခဲ့ရ၍ နေရာတွင်သေဆုံးခဲ့ပြီး ရန်ပြုသူမှာ ထွက်ပြေးသွားခဲ့ခြင်းကြောင့် အစပြုဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မော်စကိုမြို့နေရာ အနှံ့အပြားတွင် တပ်လှန့်မှု များပြုလုပ်ထားပြီး မြို့တော်၏ တောင်ပိုင်းဒေသ ဘရီယူယိုဗိုသို့ ရဲတပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ်ထားကြောင်း ရုရှား ပြည်ထဲရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၁၃ ရက်အတည်ပြုချက်အရ သိရသည်။

ယင်းနေ့နံနက် အစောပိုင်းတွင် ဒေါသ ထွက်နေသော ဆန္ဒပြသူများသည် ဟင်းသီးဟင်းရွက် ဂိုဒေါင်တစ်ခုကို ဖျက်ဆီးခဲ့ကြပြီး အဆိုပါ လူသတ်မှုတွင်ပါဝင် သည်ဟု သံသယရှိသူများကို ၎င်းတို့ထံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ ဆန္ဒပြသူများက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေ့ပြောင်း အလုပ်သမားများကို စွပ်စွဲပြောကြားလျက်ရှိကြောင်း သိရသည်။ ရှချာဘာခေါ့ဗ် သေဆုံးမှု နှင့်စပ်လျဉ်း၍ မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဗျာနင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း နှင့် ဘရီယူယိုဗို ဆူပူဆန္ဒပြမှုတွင်ပါဝင် ခဲ့သူများကိုလည်း ''တရားဥပဒေအရ အရေးယူ တရားစွဲဆို သွားမည်''ဟု ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် မော်စကိုမြို့ရှိ နိုင်ငံခြားသားများ ကို ၎င်းမြို့တွင်းရှိ လူသူထူထပ်သော နေရာများသို့ သွားလာခြင်းများ မပြုလုပ် ရန် အကြံပြုထားကြောင်း သိရသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here