Tuesday, October 8, 2013

မန္တလေးမြို့က မြန်မာ့ယဉ်ကျေးမှုတစ်ခုဖြစ်သော ရိုးရာလက်လုပ်မီးပုံးများ ပျောက်ကွယ်လုနီးပါးဖြစ်နေ

0 comments

8.10.2013

မန္တလေးမြို့က မြန်မာ့ယဉ်ကျေးမှုတစ်ခုဖြစ်သော ရိုးရာလက်လုပ်မီးပုံးများသည် လွန်ခဲ့သော 
(၅)နှစ်ဝန်းကျင်ကစပြီး လုပ်ကိုင်သူများ နည်းပါးလာသည့်အတွက် ပျောက်ကွယ်လုနီးပါးအခြေအနေတွင် 
ရှိနေကြောင်း မန္တလေးမြို့ခံ၊ ရိုးရာလက်လုပ်မီးပုံးလုပ်သူတစ်ဦးဖြစ်သည့် ဒေါ်သန်းသန်းကပြောပြခဲ့သည်။ 
လွန်ခဲ့သော (၅)နှစ်ကျော်ကျော်က ချမ်းမြောက်ဟုခေါ်သော(၈၄၀)ရပ်ကွက်တွင် ရိုးရာမီးပုံးလုပ်ကိုင်သော 
အိမ်ထောင်စု(၂၀၀)ကျော်ရှိခဲ့သော်လည်း ယခုအခါ (၅)ဦးသာ လုပ်ကိုင်တော့သည်ဖြစ်ကြောင်း 
သိရသည်။ ယခုလိုရိုးရာမီးပုံးလုပ်ကိုင်သူများ နည်းပါးသွားရခြင်းသည် တွက်ခြေကိုက်မှုမရှိခြင်းနှင့် တရုတ်ရိုးရာမီးပုံးများနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်အတွက်ကြောင့်ဖြစ်သည်။ မန္တလေးမြို့၊ မြို့သစ်နေသူများက မြန်မာ့ရိုးရာမီးပုံးတွေကို လုပ်ကိုင်နေကြတဲ့အတွက် တစ်ရက်ကို ၀င်ငွေ ၃၀၀၀နှင့် ၄၀၀၀ကြားရရှိကြောင်း သိရသည်။ မီးပုံးများအနေဖြင့် ကားမီးပုံးသည် လက်ရှိတွင် ဈေးကွက် တွင် အရောင်းရဆုံးဖြစ်ပြီး အိမ်၊ ကြယ်၊ ခွေးကလေးတို့လည်း ဈေးကွက်တွင် အ၀ယ်လိုက်
နေကြောင်း သိရသည်။

SkyNet TV Browser 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here